ကော်စတာရီကာ

June 28, 2018

ဆွစ်ဇာလန်နှင့် ကော်စတာရီကာ ၂ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု အီး နောက်ဆုံးပွဲစဉ်မှာ ဆွစ်ဇာလန်နဲ့ ကော်စတာရီယာတို့ နှစ်ဂိုးစီ သရေကျသွားပါတယ်။ ပွဲအစမှာ ကော်စတာရီကာရဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဆွစ်ဇာလန်အတွက် ဦးဆောင်ဂိုးကိုတော့ ၃၁ မိနစ်မှာ ဂျမိုင်လီက ပိတ်ယူပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်က ဘောလုံးပိုင်ဆိုင်မှု ဦးစားပေး ကစားသွားပြီး ကော်စတာရီကာဘက်က တန်ပြန်တိုက်စစ်တွေ အသုံးပြုသွားပါတယ်။ ကော်စတာရီကာအတွက် ချေပဂိုးကို ၅၆ မိနစ်မှာ ဝပ်ဆန်က ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ ကော်စတာရီကာ ကစားသမားတွေရဲ့ လျင်မြန်တဲ့ ထိုးဖောက်မှုတွေက တဖက်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်အတွက် ဒုတိယဂိုးကို ဒရစ်မစ်က ၈၈ မိနစ်မှာ သွင်းယူပါတယ်။ အချိန်ပိုမိနစ်မှာ ကော်စတာရီကာအတွက် ဒုတိယချေပဂိုးကို ဆွမ်မာက ပယ်နယ်တီကနေတဆင့် သွင်းယူပါတယ်။ ဒီပွဲသရေကျပေမယ့် ဆွစ်ဇာလန်က ၅ မှတ်နဲ့ အုပ်စုဒုတိယရပြီး ရှုံးထွက်မှာ ဆွီဒင်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ကော်စတာရီကာကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရပြီ ဖြစ်ပါတယ်။
3 years Ago

June 23, 2018

နာကျင်အချိန်ပို သွင်းဂိုး ၂ ဂိုးဖြင့် ဘရာဇီးက ကော်စတာရီကာကို အနိုင်ရ (ရုပ်သံ)

ကမ္ဘာ့ဖလား အုပ်စု (အီး) ပွဲစဉ်မှာ ဘရာဇီးက နာကျင်အချိန်ပို မိနစ်တွေမှာ သွင်းယူတဲ့ ဂိုးတွေနဲ့ ကော်စတာရီကာကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ယူသွားပါတယ်။ ဘရာဇီးအသင်း အနိုင် ၃ မှတ်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ယှဉ်ပြိုင်သွားရပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ တဖက်နောက်တန်းကို ထိုးဖောက်ရင်း လဲကျတဲ့ ဖြစ်ရပ်အတွက် ပင်နယ်တီ ပေးသင့် မပေးသင့် VAR စနစ်ကို ပြန်ကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒိုင်က ပင်နယ်တီ မပေးခဲ့ပါဘူး။ ဒီပွဲမှာ  ကော်စတာရီကာအသင်းက တသင်းလုံး ခံစစ်ဦးစစ်ပေး တန်ပြန်တိုက်စစ်ကို အသုံးပြုသွားပါတယ်။ ဘရာဇီးက ဒီပွဲမှာ ဂိုးရလိုဇောများနေတဲ့အတွက် ရတဲ့အခွင့်အရေးတွေကို အပိုင် မသုံးမချနိုင်ခဲ့ပါဘူး။ ဦးဆောင်ဂိုးကို အချိန်ပိုမိနစ်မှာ ကော်တင်ဟိုက သွင်းယူပါတယ်။ အဖွင့်ဂိုးရပြီး နောက်ပိုင်း ဘရာဇီးတို့ စိတ်သက်သာရာ ရသွားပြီး ဒုတိယဂိုးကို နေမာက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ဘရာဇီးက အုပ်စု (အီး)မှာ ဆွစ်ဇာလန်နဲ့အတူ ၄ မှတ်စီနဲ့ ဦးဆောင်နေပါတယ်။
3 years Ago
More News
Up