ကော့သောင်း တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို Mobile စနစ်ဖြင့် ထုတ်ပေးမည်

June 3, 2018

ကော့သောင်း တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို Mobile စနစ်ဖြင့် ထုတ်ပေးမည်

  ကော့သောင်းခရိုင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသူတွေရဲ့ အမှတ်စာရင်းကို ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးကနေ Mobile စနစ်နဲ့ ထုတ်ပေးမယ်လို့ ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ ၂၁၀၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကော့သောင်းခရိုင်အတွင်းရှိ ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ် စာစစ်ဌာနတွေကနေ အောင်မြင်ခဲ့သူတွေရဲ့ အမှတ် စာရင်းကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးကနေ Mobile စနစ်နဲ့ ထုတ်ပေးသွားမှဖြစ်ပါတယ်။ ၂၁၀၇-၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်း မြို့နယ်ကနေ အောင်မြင်သူ ၆၂၈ ဦးရှိခဲ့ပြီး အောင်မြင်သူ ကျောင်းသားကျောင်းသူတွေရဲ့ အမှတ်စာရင်းကို ဇွန်လ ၁၆ ရက်နေ့မှာ ဘုတ်ပြင်းမြို့နယ်ပညာရေးမှူးရုံးနဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးတွေမှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း မြန်မာနိုင်ငံစာစစ်ဌာန တာဝန်ရှိသူတွေက Mobile စနစ်နဲ့ လာရောက်ထုတ်ပေးသွားမယ်လို့ ကော့သောင်းမြို့နယ် ပညာရေးမှူးဦးမျိုးလွင်က ပြောပါတယ်။ လတ်ကိုကိုဦး
4 years Ago
Up