တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အောင်သန်း ချောင်းဝအရောက်မှာ မနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေ့ခင်းပိုင်းက စက်လှေတစီး တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးပျောက်ဆုံး နေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ကော့သောင်းမြို့နယ် အောင်သန်း ချောင်းဝအရောက်၌ ခြံပိုင်ရှင် ဦးကြည်စိုး (စိစစ်ဆဲ) ကံပုံမာတမ်းကျေးရွာနသူပါ ၈ ဦး(ကျား ၅၊မ ၃)ဦးတို၊ စက်လှေဖြင့် အောင်သန်းချောင်း တစ်ဖက်ရှိ ဥယျာဉ်ခြံသို့ အလုပ်လုပ်ရန် ထွက်ခွာလာစဉ် ရုတ်တရက် လှိုင်းရိုက်ခတ်မှုကြောင့် စက်လှေနစ်မြုပ်သွားခဲ့တာပါ။
စက်လှေနစ်မြုပ်မှုကြောင့် ဦးကြည်စိုး ပါ ၆ ဦးမှာ ရေကူးပြီး ကမ်းပေါ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး စိုးလင်းနိုင် ပါ ၂ ဦး(ကျား ၁၊မ ၁)တို့ ပျောက်ဆုံးနေပါတယ်။
ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့နှင့် ကျေးရွာသား/ သူများမှ ဝိုင်းဝန်းရှာဖွေရာ စိုးလင်းနိုင်(၂၃)နှစ်ရဲ့ အလောင်းအား ချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ရှိနေတဲ့ မခင်မာဝင်း (၃၀)နှစ်ကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း သတင်းမှာ ဖော်ပြပါတယ်။
5 years Ago