ကော့သောင်းတွင်

April 1, 2018

ကော့သောင်းတွင် ဆိုင်ကယ်စီးသူများ အန္တရာယ်ကင်းရှင်းရေး ပညာပေး

  ကော့သောင်းမှာ ဆိုင်ကယ်စီးသူတွေ ယဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးခြင်းကို ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကော့သောင်းမြို့ အဝိုင်းပတ်ရှိ အများပြည်သူနားနေဆောင်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ်စီးနင်းသူတွေကို ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလာပါက ဆိုင်ကယ်ကို ခေတ္တထားခဲ့စေပြီး ဆိုင်ကယ်စီးဦးထုပ်ကို ပြန်ယူကြဖို့နဲ့ ဦးထုပ်ယူလာမှ ဆိုင်ကယ်ကို ပြန်ပေးတဲ့ ပညာပေးဆောင်ရွက်နေမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့က ဒီလိုပညာပေးတာကြိုက်တယ်။ လူတွေရဲ့စိတ်ထဲမှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်ဆိုတာ သိအောင်လုပ်ပေးတာဖြစ်လို့ ကြိုက်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။ ဒီလိုပညာပေးရာမှာ ဖမ်းတာဆီးတာတွေ မလုပ်ဘူးလို့လည်း သိရပါတယ်။ “သင်္ကြန်ကာလအကြိုလည်း ဖြစ်တာပေါ့။ သင်္ကြန်မှာ အရှိန်ပြင်းမောင်းတာတို့၊ အန္တရာယ်ဖြစ်အောင် မောင်းတာတို့၊ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတဲ့အတွက် ဖြစ်လာတဲ့အခါ အန္တရယ်ကင်းနိုင်အောင် ပညာပေးတာဖြစ်သလို ကြိုတင်ဆောင်ရွက်တဲ့ အစီစဉ်ပါ။ သူတို့ကိုပေးချင်တဲ့ မက်ဆေ့က ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်ပေါ့။ အရေးယူ အပြစ်ပေးတာထက် အသိလေး ဝင်သွားစေချင်တဲ့အတွက် အခုလိုပညာပေးလုပ်ငန်းကို ဆောင်ရွက်တာဖြစ်တယ်လို့ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွန်းဦးက ပြောပါတယ်။ လတ်ကိုကိုဦး
5 years Ago

February 8, 2018

ကော့သောင်းတွင် ကျောင်းသားများ လိုက်ပါလာသည့် လှေနစ်မြုပ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဝါးကျွန်းကျေးရွာကနေ အမက(မူလွန်) ပုလောဘာလိုင်းကျေးရွာကို ကျောင်းတက်ဖို့သွားတဲ့ ကျောင်းသူ/သားတွေပါတဲ့ လှေတစီး ဖေဖော်ဝါရီ ၇ ရက် မနက်က နစ်မြုပ်သွားခဲ့ပါတယ်။ ကလေးတွေကိုလှေသမားတွေက အချိန်မီကယ်တင်လိုက်နိုင်တဲ့အတွက် တဦးတယောက်မှ  သေဆုံးပျောက်ဆုံး ဒဏ်ရာရတာမရှိဘူးလို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်ကပြောပါတယ်။ “လှေက ဝါးကျွန်းကျေးရွာနဲ့ မလှမ်းမကမ်းမှာ နစ်မြုစ်ခဲ့တာပါ။ လှေနားက လှေကြီးတစီးဖြတ်မောင်းသွားတော့ လှိုင်းပုတ်ပြီး နစ်တာပါ။ ဝါးကျွန်းကျေးရွာကနေ အ.မ.က ပုလောဘာလိုင်း ကျေးရွာကို နေ့စဉ်ကျောင်းသွားတက်တာ ကလေး ၁၆ ဦး လောက် ရှိပါတယ်။ ကလေးတွေအတွက် နေ့စဉ် စိတ်အေးချမ်းသာစွာနဲ့ အသက်အန္တရာယ်စိုးရိမ်မှုမရှိဘဲ ပညာသင်ကြားနိုင်ဖို့ အသက်ကယ်အင်္ကျီနဲ့ မိုးရာသီအတွက် ထီးနဲ့မိုးကာအင်္ကျီတွေကို ပညာရေးဌာနက ထောက်ပံ့ပေးစေချင်တယ်” လို့ ပြောပါတယ်။ ကျောင်းသားမိဘတဦးကလည်း “ရွာမှာ တွဲဖက်ကျောင်းတကျောင်းကို ချပေးစေချင်ပါတယ်။ အခု အရပ်သားအစိုးရအနေနဲ့ ကျနော်တို့ရွာလေးကို ကလေးတွေ ရေလမ်းခရီးနဲ့ သွားစရာမလိုဘဲ ရွာမှာပဲ ပညာသင်ကြားနိုင်ဖို့အတွက် တွဲဖက်ကျောင်းတဆောင် ဆောက်လုပ်ပေးစေချင်တယ်”လို့ ပြောပါတယ်။ လှေနစ်မြုပ်ရာမှာပါသွားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကော့သောင်း အန်အယ်လ်ဒီက ကျောင်းသုံးစာအုပ်တွေနဲ့ စာရေးကိရိယာတွေ လှူဒါန်းခဲ့ပြီး နှစ်သိမ့် အားပေးစကား ပြောခဲ့ပါတယ်။ လတ်ကိုကိုဦး
5 years Ago
More News
Up