ကော့မှူး

July 20, 2018

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ ရောက်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်ကို ဒီနေ့မနက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲက ကော့မှုးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာနဲ့ အနိုင်ရရှိခဲ့သလို ပြီးခဲ့တဲ့ ၂ဝ၁၅ရွေးကောက်ပွဲမှာလည်း ကော့မှုးမြို့နယ်ကဘဲ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပါတယ်။ ကော့မှုးခရီးစဉ်မှာ အောင်ဇမ္မူ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလည်း သွားရောက်မှာပါ။ ဒါ့အပြင် ကော့မှုးမြို့နယ်က အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။
5 years Ago

June 16, 2018

ကော့မှူးဘက်စုံသုံးဆိပ်ကမ်းတွင် စက်သုံးဆီ အဓိကတင်သွင်းသိုလှောင်မည်

ကော့မှူးမြို့နယ်မှာ တည်ဆောက်မယ့် ဘက်စုံသုံးဆိပ်ကမ်းဟာ စက်သုံးဆီ အဓိကတင်သွင်း သိုလှောင်ဖို့ ဖြစ်ပြီး မကြာမီတည်ဆောက်မယ့် ဒလတံတားနဲ့လည်း ချိတ်ဆက်မှာ ဖြစ်ပါတယ်။ ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ တိုင်းလွှတ်တော်မှာ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။ “ဆိပ်ကမ်းတည်ဆောက်ရန် လျာထားအဆိုပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဓိက စက်သုံးဆီများ တင်သွင်းသိုလှောင်ရန် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။ စက်သုံးဆီဆိုတဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယခု လက်ရှိအခြေအနေမှာ နှစ်စဉ် ဂါလန် သန်း ၇၀၀ သုံးစွဲနေရတာ၊ သိုလှောင်နိုင်စွမ်းက ဂါလန် သန်း ၅၀ ကျော်ပဲ ရှိပါတယ်။ ယခု ကျမတို့ အစီရင်ခံတင်ပြတဲ့ ဆိပ်ကမ်းရဲ့အဓိက ကတော့ စက်သုံးဆီများ ဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ ပင်လယ်ရေကြောင်း ထွက်ကုန်များရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရန်ကုန်ဆိပ်ကမ်း တခုတည်းကပဲ တင်သွင်းတာ၊ ပို့ဆောင်တာ ပြုလုပ်နေရတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာမှာ Multipurpose Terminal ဆိပ်ကမ်း တည်ဆောက်မှာဖြစ်ပြီး ဆိပ်ကမ်းရဲ့ အရှေ့ဘက်မှာ ရန်ကုန်မြစ်၊ အနောက်ဘက်မှာ ဧရာဝတီမြစ်ကနေ ဆက်စပ်လာတဲ့ တိုးမြစ်၊ မြောက်ဘက်မှာ ရန်ကုန်မြစ်နဲ့ လှိုင်မြစ်၊ တောင်ဘက်မှာ ပင်လယ်ကမ်းရိုးတန်း တည်ရှိပါတယ်။ ဆိပ်ကမ်းနဲ့ တပြိုင်တည်း ဆိုသလို ရန်ကုန်မြစ်ကိုဖြတ်ပြီး အရှေ့နဲ့အနောက် ဆက်သွယ်မယ့် တံတားကြီးများ ပေါ်ပေါက်လာဖို့ရှိပြီး မကြာခင် စတင်ဆောင်ရွက်တော့မယ့် ဒလ တံတားနဲ့လည်း လမ်းကြောင်း ချိတ်ဆက်ထားမယ်လို့ ဒေါ်နီလာကျော်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။ ဆိပ်ကမ်းကို ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာနဲ့ ကွမ်းခြံကုန်းမြို့နယ် တော့ဂနူးကျေးရွာကြား မြေဧရိယာ ၁၀၅၃ ဧက မှာ တည်ဆောက်ဖို့ လျာထားပါတယ်။ စီမံကိန်း ပထမအဆင့်အနေနဲ့ မြေဧရိယာ ၅၀၀ ဧကကို စတင်အကောင်ထည်ဖော်ဖို့ လျာထားပြီး မြစ်ကမ်းနားအရှည် ၂.၂ ကီလိုမီတာကို အသုံးပြုတည်ဆောက်မှာလည်း ဖြစ်ပါတယ်။
5 years Ago
More News
Up