ကော့မှူးရောက် ဟောလီးဝုဒ် မင်းသမီး မီရှဲလ်ယို (ဓာတ်ပုံ)

June 26, 2015

ဟယ်ရီပေါ်တာ ဇာတ်ကားသစ် ပရိသတ်များ ကြည့်ရတော့မည်

လာမယ့်နှစ်မှာ လန်ဒန်မြို့ရဲ့ဖျော်ဖြေရေး ပြဇာတ်ရုံတွေရှိတဲ့ လန်ဒန် ၀က်စ်အန့်မှာ ဟယ်ရီပေါ်တာ ဇာတ်လမ်းချစ်သူတွေ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေ ပြန်လည် မြင်တွေ့ရမယ်လို့ ဒီဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာမ ဂျေကေ ရိုးလင်းက ပြောပါတယ်။ “Harry Potter and the Cursed Child”လို့ အမည်ပေးထားပြီး ဟယ်ရီပေါ်တာနှင့် ကျိန်စာသင့်ကလေးလို့ အဓိပ္ပာယ်ရတဲ့ ဒီဇာတ်ကားသစ်က ဟယ်ရီပေါ်တာရဲ့ မဖွင့်ဟသေးတဲ့ မှော်အစွမ်းကို ပြောပြမယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းအရသာပေါ့သွားမှာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအကြောင်းကို မပြောတော့ဘူးလို့ ရိုးလင်းက ပြောပါတယ်။ ဒီဇာတ်လမ်းကတော့ မိတ်ဆက်ပုံပြင်မဟုတ်သလို ပဲလေ့စ် ပြဇာတ်ရုံမှာ ၂၀၁၆ နွေမှာ ပြသမှာ ဖြစ်ပြီး ဆောင်းရာသီအစမှာ လက်မှတ်တွေ ရောင်းချမှာ ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ စာအုပ်တွေ ထုတ်ဝေတဲ့ ၁၈ နှစ်ပြည်မြောက်တဲ့ ဇွန် ၂၆ ရက် အထူးနေ့မှာ ကြေညာတာလို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပထမဆုံးအနေနဲ့ “Harry Potter and the Philosopher's Stone” ဟယ်ရီပေါ်တာနဲ့ တွေးခေါ်ပညာရှင်ရဲ့ ကျောက်တုံး ဇာတ်လမ်းကို ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ရိုလင်းဟာ ဟယ်ရီပေါ်တာ ၀တ္ထု ၇ အုပ်တိတိရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ၇ အုပ်မြောက်ကို ထုတ်ဝေခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ မေအထိ ဟယ်ရီပေါ်တာ ၀တ္ထု သန်း ၄၅၀ လောက် ရောင်းချခဲ့ရသလို ဘာသာပေါင်း ၇၃ ခုနဲ့ ပြန်ဆိုခဲ့ပါတယ်။
6 years Ago

June 21, 2015

ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီ တူရကီကို ရောက်ရှိ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံတမန်ဖြစ်တဲ့ ဟောလီးဝုဒ် သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီဟာ သူ့သမီးငယ် ရှီလာ နိုဘယ် ဂျိုလီပစ် နဲ့အတူ  တူရကီ အရှေ့တောင်ပိုင်းက မာဒင် ပြည်နယ်ဆီ ဇွန် ၂၀ ရက်နေ့က  ရောက်ရှိပါတယ်။ တူရကီမှာ ကမ္ဘာ့ဒုက္ခသည် အခမ်းအနား ကျင်းပမှာ ဖြစ်လို့ ဂျိုလီလည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ မနှစ်က ပထမ နှစ်ဝက်အတွင်း လူပေါင်း ၅ ဒသမ ၅ သန်းဟာ အိုးအိမ် စွန့်ခွာခဲ့ရတယ်လို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ဆိုပါတယ်။ ဆီရီးယားမှာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ ဒသမ ၈ သန်းလောက် ထွက်ပြေးခဲ့ရသလို၊ လေးနှစ်ကြာ စစ်ပွဲအတွင်း လူပေါင်း ၂ သိန်း ၂ သောင်းကျော် သေဆုံးပြီး၊ ၁ သန်းကျော် ဒဏ်ရာရခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဆီရီးယား ဒုက္ခသည်တွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ထွက်ပြေးသွားရလို့ အာဖဂန်နစ္စတန်တွေထက် အခြေအနေဆိုးသွားနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ အာဖဂန် ဒုက္ခတွေ ဦးရေက ၂ ဒသမ ၆ သန်း ရှိပြီး ပါကစ္စတန်နဲ့ အီရန်တို့က အဓိက လက်ခံထားရပါတယ်။ အာဖဂန်ဒုက္ခတွေ နောက်မှာ ဆိုမာလီ ဒုက္ခသည် ၁ ဒသမ ၁ သန်းက တတိယလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဒေသဟာ ဒုက္ခသည်တွေ အများဆုံး ထွက်တဲ့ နိုင်ငံဖြစ်ပြီး အရင် ဆယ်နှစ်ကျော်က ဒုက္ခသည် အများဆုံးထွက်တဲ့  အာရှ ပစိဖိတ်ဒေသထက် တောင် ပိုဆိုးသွားတယ်လို့ ဆိုပါတယ်။  
6 years Ago
Up