ကော့တာချိုင်းကျွန်း

A d v e r t i s e m e n t With Us

May 18, 2016

ကော့တာချိုင်း ကျွန်းကို ခရီးသွားများ မလည်ပတ်ရန် ထိုင်းပိတ်

သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို ထိခိုက်မှုရှိတဲ့အတွက် ထိုင်းနိုင်ငံက ကော့တာချိုင်းကျွန်း သွားရောက်လည်ပတ်ခွင့်ကို တာဝန်ရှိသူတွေက ပိတ်ပင်လိုက်ပါတယ်။ ဖန်ငခရိုင်မှာရှိတဲ့ ကျွန်းဟာ ဆီမီလန် အမျိုးသားဥယျာဉ်ရဲ့ တစိတ်တပိုင်းဖြစ်သလို အောက်တိုဘာ ၁၅ ရက်ကနေစတင်ပြီး အကန့်အသတ်မရှိ ပိတ်မှာလို့ ထိုင်းဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ ခရီးသွားတွေ အများအပြား ရောက်လာတာဟာ ထိန်းသိမ်းထားတဲ့ သဘာဝ ဧရိယာက သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်အပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် အခုလိုပိတ်တာလို့ အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။ ပင်လယ်ဆိုင်ရာ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် ကြီးမားတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပင်လယ်နဲ့ဆိုင်တဲ့ အမျိုးသားဥယျာဉ်က မေလလယ်ကနေ အောက်တိုဘာလလယ်အထိ မုတ်သုန်ရာသီမှာ ပိတ်လေ့ရှိပါတယ်။ ခရီးသွားတွေနဲ့ ရေငုပ်တဲ့လူတွေအကြား ဒီကျွန်းက လူသိများတာလည်း ဖြစ်ပါတယ်။
5 years Ago
Up