ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ လူ ၃၆ ဦး တင်ထားတဲ့ အမြန်စက်လှေတစင်း မေ ၂၆ ရက်နေ့က တိမ်းမှောက်ခဲ့ရာမှာ လူ ၂ ဦး သေဆုံးသွားပါတယ်။
စက်လှေပေါ်မှာ အပျော်ခရီးထွက်နေတဲ့ နိုင်ငံခြားသား ၃၁ ဦးနဲ့ ထိုင်းလူမျိုး စက်လှေဝန်ထမ်းတွေ ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဗြိတိန်၊ ဂျာမနီ၊ ရိုမေးနီးယားနဲ့ တရုတ်နိုင်ငံသားတွေ အများစုပါဝင်ကြပြီး သေဆုံးသူ ၂ ဦးထဲမှာ ဗြိတိန်နိုင်ငံသား တဦးပါဝင်တယ်လို့ သိရပါတယ်။
မတော်တဆဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ စက်လှေဟာ ပန်းခြံတခုက အပြန်မှာ လှိုင်းပုတ်ခံရပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
ဒီမတော်တဆမှုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ ရဲအဖွဲ့က အသေးစိတ် စုံစမ်းနေတယ်လို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။
6 years Ago