ကော့စတာရီကာနိုင်ငံတွင်

November 27, 2016

ကော့စတာရီကာနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်းကြောင့် လူ ၉ ဦး သေဆုံး

ကော့စတာရီကာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ နေ့ရက်က အော့တို ဟာရီကိန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်သွားခဲ့တဲ့အတွက် ၉ ဦးသေဆုံးပြီး နိုင်ငံတ၀န်း ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြပါတယ်။ နိုင်ငံကို အထိအခိုက်အနည်းဆုံးနဲ့ တိုက်ခတ်သွားတယ်ဆို ပေမယ့် နိုင်ငံကို တိုက်ခတ်ခဲ့တဲ့သမျှ ဟာရီကိန်းမုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ လူအနည်းဆုံး ၉ ယောက် သေဆုံးသွားခဲ့ပြီး သမ္မတက ၀မ်းနည်းခြင်း ၃ ရက် သတ်မှတ်ထား ပါတယ်။ ဒေသခံ ၅၅၀၀ လောက်ကိုလည်း အရေးပေါ် နေရာပြောင်းရွေ့ ကယ်ဆယ်ပေး ခဲ့ရပါတယ်။ တလတာ မိုးရေချိန်ဟာ နာရီအနည်းငယ်အတွင်း ပြည့်သွားခဲ့ပြီး နိုင်ငံတ၀န်း ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့ပြီး တံတားတွေလည်း ကျိုးခဲ့ပါတယ်။ မုန်တိုင်းဟာ အခုတော့ အားပျော့ပြီး အပူပိုင်း မုန်တိုင်းအဖြစ် ပစိဖိတ်သမုဒ္ဒရာထဲ ရွေ့လျားသွားပြီဖြစ်ပမယ့် အပြင်းဆုံးအချိန်မှာ လေတိုက်နှုန်း တနာရီ မိုင် ၁၁၀ ရှိခဲ့ပါတယ်။
6 years Ago
Up