ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်နှင့်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ

April 11, 2017

ကောလင်းမြို့နယ်တွင် တရားမဝင်သစ်စက် ၂ လုံးနှင့်အတူ အင်ခွဲသားသစ်များ ပိုင်ရှင်မဲ့ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ တရားမဝင် သစ်စက် ၂ လုံးနဲ့အတူ အင်ခွဲသားသစ်တွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးဦးချစ်လှိုင်က ပြောပါတယ်။ ဧပြီ ၉ ရက် မနက်က ကောလင်းမြို့နယ် သစ်တောဦးစီး ဦးချစ်လှိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကောလင်းမြို့နယ်ထဲမှာ သွားရောကဖမ်းဆီးခဲ့တာပါ။ ကျွန်းတောကြိုးပြင် ကာကွယ်တော ခန့်မှန်းမြေပုံညွှန်း GB-560273 နေရာမှာ တရားမဝင် အင်ခွဲသား ၁၅ ချောင်း၊ ၀ ဒသမ ၂၂၅၀ တန်၊ ဝူလင်း ၂၅ အင်ဂျင် ၁ လုံး၊ ၄ ပေ လွှဝိုင်း ၁ ဝိုင်း၊ အရှည် ၅ ပေ အချင်း ၂ လက်မရှိ ရှပ်တန်း ၁ ချောင်း၊ အချင်း ၂ ပေရှိ ပူလီဘီး ၁ ခုတို့၎င်း၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် သဖန်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် ၃၈၊ ခန့်မှန်းမြေပုံညွှန်း GB- 542308 နေရာမှာ တရားမဝင် အင်ခွဲသား ၂၀ ချောင်း၊ ၀ ဒသမ ၃၀၀ တန်၊ ဂျင်ဒေါင်း ၂၅ ကောင် အင်ဂျင် ၁ လုံး၊ ၃ ပေ ၆ လက်မရှိ လွှဝိုင်း ၁ ဝိုင်း၊ ၄ ပေ ၆ လက်မရှိ ရှပ်တန်း ၁ ချောင်းနဲ့ အချင်း ၂ ပေရှိ ပူလီဘီး ၁ ခုတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီး ဦးချစ်လှိုင်က ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ပိုင်ရှင်မဲ့ သစ်စက် ၂ လုံးနဲ့ ဆက်စပ်အပစ္စည်းတွေကို ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ရုံးဝင်းအတွင်း သယ်ယူသိမ်းဆည်းပြီး သစ်တောဥပဒေအရ ကောလင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
5 years Ago

March 2, 2017

ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်နှင့် သစ်များ ပိုင်ရှင်မဲ့ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် လာကာကြိုးပြင် ကာကွယ်တောမှာ မတ်လ ၁ ရက်နေ့က တရားမဝင် လည်ပတ်နေတဲ့ သစ်စက် ၁ လုံးနဲ့ သစ်လုံးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန် ကောလင်းမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေဟာ တရားမဝင် သစ်စက်လည်ပတ်နေကြောင်း သတင်းအရ ကောလင်းမြို့နယ် လာကာကြိုးပြင် ကာကွယ်တော ခန့်မှန်း မြေပုံညွှန်း GB-501260 နေရာကို ဝင်ရောက်ရှာဖွေရာ သစ်ရာ ၂ လုံး (၀ ဒသမ ၂၉၈) တန်၊ ပျဉ်းကတိုး  ၂ လုံး (၀ ဒသမ ၂၃၀) တန်၊ ဂျင်ဒေါင်း ၂၅ ကောင်အင်ဂျင် ၁ လုံး၊ ၂ ပေ ၁၀ လက်မရှိ လွှဝိုင်း ၁ ခု၊ ပေ ၃၀ ရှိ ပတ္တားကြိုး ၁ ချောင်း၊ ၄ ပေရှိ ရှပ်တန်း ၁ ချောင်း၊ အချင်း ၁ ဒသမ ၅ လက်မရှိ ပူလီ ၁ ခုတို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ သစ်လုံးတွေနဲ့ သစ်စက်ကို ကောလင်းမြို့မရဲစခန်းက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
5 years Ago
More News
Up