ကောလင်းမြို့နယ်တွင်

A d v e r t i s e m e n t With Us

April 26, 2017

ကောလင်းမြို့နယ်တွင်ရွှေကြောတွေ့ရှိ၊ တူးဖော်မှုကို ပိတ်ပင်တားမြစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် လာကာကျေးရွာအုပ်စု၊ လာကာကျေးရွာအနီး ဘိုးမင်း တောင်မှာရွှေကြောတွေ့ရှိပြီး တူးဖော်မှုတွေကို သက်ဆိုင်ရာက တားမြစ်ပိတ်ပင်ထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဧပြီ ၂၃ ရက်က လာကာကျေးရွာ ဒေသခံတဦးက ရွှေပါရှိတဲ့ ကျောက်တုံးကို တွေ့ရှိပြီး ဆက်လက် တူးဖော်ရာကနေ ကျောက်ရွှေကြောဖြစ်နေကြောင်းတွေ့ရှိခဲ့တာပါ။ အဆိုပါ ရွှေကြောကို  ဒေသခံ ၃၀၀ ကျော်လောက်က လာရောက်  အလှည့်ကျ တူးဖော်ခဲ့ကြပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် တူးဖော်မှုအား သက်ဆိုင်ရာ အဖွဲ့အစည်းတွေက  တားမြစ်ထားတယ်လို့ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာမှာလည်း ရွှေထွက်ရှိခဲ့တဲ့ အတွက် ရွှေတူးဖော်နေတဲ့ ဒေသခံရွာသားတဦး မတ်လ ၁၈ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း အဲဒီနေရာမှာ လာရောက် ရွှေမတူးကြဖို့ အစိုးရက ပိတ်ပင်တားမြစ် ထားပါတယ်။
4 years Ago

February 28, 2017

ကောလင်းမြို့နယ်တွင် တရားမဝင် ကျွန်းခွဲသားများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ကျောက်တန်းလမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီးမှာ ၆ ဘီးယာဉ် ၂စီးပေါ်က တရားမဝင် ကျွန်းခွဲသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မနက်က ကျောက်တန်းလမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်အနီးမှာ ယာဉ်မောင်း ဦးမောင်ဝင်းနဲ့ ယာဉ်နောက်လိုက် ထိပ်တန်းမောင်တို့ မောင်းနှင်လာတဲ့ HYUNDAI (၆)ဘီးကားပေါ်မှာ ပဲစင်းငုံအိတ်၊ နှမ်းဖတ်အိတ်နဲ့ ကြက်ဥကပ်ခွံတွေ ဖုံးအုပ်ပြီး တရားမဝင် တင်ဆောင်လာတဲ့  ကျွန်းခွဲသား ၇၃ ချောင်း (၀ ဒသမ ၉၄၀၀)တန်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်း ဖြိုးဝေကျော်နဲ့ ယာဉ်နောက်လိုက် နေထက်ဦးတို့ လိုက်ပါမောင်းနှင်လာတဲ့ MITSUBISHI CANTER အမျိုးအစာ ၆ ဘီး ကားပေါ်ကလည်း ပဲစင်းငုံအခွံချွတ်အိတ်တွေနဲ့ ဂျပ်ဖာတွေ ဖုံးအုပ်ပြီး တရားမဝင်တင်ဆောင်လာတဲ့ ကျွန်းခွဲသား ၆၉ ချောင်း (ဝ ဒသမ ၈၃၀၀)တန် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ကျွန်းခွဲသားတွေနဲ့ပတ်သက်ပြီး ကောလင်းမြို့မ ရဲစခန်းမှာ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
More News
Up