ကောလင်းတွင် အင်အား ၄.၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

April 28, 2019

ကောလင်းတွင် အင်အား ၄.၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ မနေ့ညက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၇ ရက်နေ့ည ၂၃ နာရီ၊ ၁၇ မိနစ်၊ ၅၅ စက္ကန့်အချိန်မှာ ကောလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၇၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up