ကောင်းပင်ပြာထဲ အိပ်မက်ဖမ်းခြင်း လေကြောင်းပြပွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 2, 2016

ကောင်းကင်ပြာထဲ အိပ်မက်ဖမ်းခြင်း လေကြောင်းပြပွဲ (ရုပ်သံ)

တရုတ်လေတပ် သရုပ်ပြအဖွဲ့က ကောင်းကင်ပြာထဲ အိပ်မက်ဖမ်းခြင်းလို့ နာမည်ပေးထားတဲ့ လေကြောင်းပြပွဲကို ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။ တရုတ် အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်ရဲ့ မြို့တော် ချန်ချွမ်းမှာ ကျင်းပနေတာပါ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ပထမဆုံး လေကြောင်းတက္ကသိုလ်ကို ၁၉၄၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ တက္ကသိုလ် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် ကျင်းပတာလည်း ဖြစ်ပါတယ်။ လေတပ် စွမ်းရည်ကို ပြသဖို့နဲ့ လေကြောင်းပညာရပ်ကို စိတ်ဝင်စားတဲ့ လူငယ် အရေအတွက် တိုးလာရေး ဆွဲဆောင်ဖို့ ရည်မှန်း ကျင်းတာပါ။ ဒီလေကြောင်းပြပွဲအတွက် လေထီးတပ်ဖွဲ့ ၂ ဖွဲ့၊ လေကြောင်းပညာရှင်အဖွဲ့ ၃ ဖွဲ့နဲ့ ဂျေတန်း မိုဒယ်လေယာဉ်တဖွဲ့ လေတပ်ရဲ့ တတိယမျိုးဆက် တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။ သိမ်းငှက်နီ လေကြောင်းသရုပ်ပြအဖွဲ့က တရုတ်လေတပ်ရဲ့ အဆင့်မြင့်ဆုံး လေယာဉ်တချို့ကို သုံးပြီး ပွဲကြည့်ပရိသတ် အံ့အားသင့်အောင် အစွမ်းပြနိုင်ခဲ့ပါတယ်။ အဲဒီနောက် လူသိများတဲ့ ဘာယီလေကြောင်း သရုပ်ပြအဖွဲ့က သူတို့ရဲ့ ပြင်ဆင်ထားပြီးသား အစီအစဉ်တွေနဲ့ အစွမ်းပြမှာပါ။ J-11B တိုက်လေယာဉ်ကလည်း တကိုယ်တော် အစွမ်းပြဦးမှာ ဖြစ်ပါတယ်။ ဒီပွဲကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ် တက္ကသိုလ်ရဲ့ ၁ နှစ် ၂ ကြိမ် ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
4 years Ago
Up