ကောင်းကင်ကြိုးကေဘယ်ကား

A d v e r t i s e m e n t With Us

September 10, 2016

ကောင်းကင်ကြိုးကေဘယ်ကားထဲ ပိတ်မိနေသည့် လူ ၃၃ ဦးကို ကယ်ထုတ် (ရုပ်သံ)

ပြင်သစ်နိုင်ငံက မောင့်ဘလောင့်တောင်ပေါ် ရေခဲမြစ်တွေပေါ်ကနေ သွယ်တန်းထားတဲ့ ကောင်းကင်ကြိုး ကေဘယ်ကားတွေ ယိုယွင်းခဲ့လို့ မီတာ ၃ ထောင်ကျော် အမြင့်မှာ ပိတ်မိနေတဲ့ လူ ၃၃ ယောက်ကို သောကြာနေ့မနက်က ဘေးကင်းကင်း ကယ်ထုတ် နိုင်ခဲ့ပါတယ်။ တွဲလောင်းကျနေတဲ့ ကြိုးတွေကိုလဲ ပြန်ပြင်ပြီးပြီလို့ လုပ်ငန်းလည်ပတ်သူက ပြောပါတယ်။ ကြာသပတေးနေ့ညနေ ငါးနာရီခွဲက စက်ရပ်သွားအပြီး ကားတွေပေါ်မှာ သောင်တင် နေတဲ့ လူတွေကို ကယ်ဆယ်ရေးသမားတွေက သောကြာနေ့မနက် လင်းလင်းချင်း စကယ်ခဲ့တာပါ။ တောင်ထိပ် ၂ ခုကြား ၅ကီလိုမီတာခရီးကို သွယ်တန်းထားတဲ့ ကေဘယ်ကားတွေပေါ်မှာ လူအယောက် ၁၁၀ ကျော် ပိတ်မိနေခဲ့တာပါ။ လုပ်ငန်းလည်ပတ်သူ ကုမ္ပဏီက မတော်တဆမှုအတွက် အကြောင်းပြချက် မပေးပါဘူး။ လုပ်ငန်းစနစ် အနှောင့်အယှက်ကြောင့် ရပ်သွားနိုင်သလို လေပြင်းကြောင့်လည်း ကေဘယ်ကြိုးတွေ ပြတ်ကျတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲ့လ်ပ်စ် တောင်တန်းရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ ညမိုးမချုပ်ခင် ရဟတ်ယာဉ် ၄ စီးက လူ ၆၅ ဦးကို ကယ်ထုတ်ခဲ့ပါတယ်။ ညပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက ကြိုးတွေသုံးပြီး လူတွေကို ဆက်ကယ်ထုတ် ခဲ့ပါတယ်။ ကေဘယ်ကားတွေကို ပြင်သစ်ဘက် တောင်ထိပ်ကနေ အီတလီနယ်စပ်ဘက် တောင်ထိပ်ဆီ သွယ်တန်းထားတာပါ။ ဒီခရီးကို ကေဘယ်ကား စီးနင်းမှုဟာ မိနစ် ၃၀ ကြာမှ ပြီးစီးတာ ဖြစ်ပါတယ်။
4 years Ago
Up