ကောင်းကင်အမြင့်ခုန်စဉ် လေထီးမပွင့်၍ လေထီးသမားနှစ်ဦးသေဆုံး

A d v e r t i s e m e n t With Us

October 13, 2016

ကောင်းကင်အမြင့်ခုန်စဉ် ဖိနပ်ကျွတ်ကျခဲ့သော်လည်း ပြန်စီးနိုင်ခဲ့သူ ရုပ်သံဖိုင် ရေပန်းစား

ကောင်းကင်အမြင့်ခုန်သမားတယောက်အဖို့ ဒါဟာ တကယ့်ကို အံ့သြစရာပါပဲ။ သူဟာ ကောင်းကင်အမြင့်ခုန်ချိန် လေထုထဲမှာရှိနေစဉ် ဖိနပ်ကျွတ်ကျခဲ့ပြီး မကြာခင်မှာပဲ ပြန်စီးပြနိုင်ခဲ့တာပါ။ အဲဒီကောင်းကင်အမြင့်ခုန်သမားဟာ နောက်အဖော်တဦးနဲ့အတူ လေယာဉ်တစီးပေါ်ကနေ အတူတကွ ခုန်ဆင်းခဲ့ကြချိန်မှာ ဖိနပ်ဟာ လေထဲမှာ ရုတ်တရက် ကျွတ်ထွက်သွားခဲ့တာပါ။ သူ့ရဲ့အဖော်ဟာ မြေကြီးဆီ ထိုးစိုက်ဆင်းသွားခဲ့ချိန်မှာ သူ့ဆီက ကျွတ်ထွက်သွားခဲ့တဲ့ ဖိနပ်ကိုလည်း လက်လွှတ်လိုက်ရတာပါ။ ဒါပေမယ့် မယုံနိုင်စရာကောင်းလောက်အောင်ပဲ စက္ကန့်အနည်းငယ်အကြာမှာ ဖိနပ်ဟာ သူ့ဆီ တကျော့ပြန်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ သူဟာ ဟန်ချက်ညီအောင်ထိန်းရင်း ဖိနပ်ကိုဖမ်းဖို့ ကြိုးစားခဲ့ကာ တတိယအကြိမ်မြောက် ရောက်လာချိန်မှာတော့ ဖမ်းယူနိုင်ခဲ့ပြီး ပြန်စီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ကာ အကြိမ်ပေါင်းများစွာ မျှဝေခဲ့ကြတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။
4 years Ago

August 7, 2016

သမ္မတက ရေဘေးသင့်ပြည်သူများကို တောင်းပန်စကား ပြော

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မင်းဘူးရေဘေးသင့်ပြည်သူတွေနဲ့ တွေ့စဉ်မှာ သူ အရောက်နောက်ကျလို့ တောင်းပန်ကြောင်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ကို  ဒီနေ့ သွားရောက်ပြီး မင်းဘူးမြို့က ရေဘေးသင့်ပြည်သူတွေနဲ့ မြို့က မှန်ကင်းကျောင်းတိုက်မှာ တွေ့တော့ ပြောသွားတာလို့ မင်းဘူးက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။ “သမ္မတကြီး ပြောသွားတက အခုလို ရေဘေးရှောင် ပြည်သူတွေအတွက် သူအများကြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း၊ အခုလို ရေဘေးရှောင်တဲ့ရက် နောက်ပိုင်းကျမှ သူ ရောက်လာတာ နောက်ကျတဲ့အတွက် သူ တောင်းပန်တယ်ဆိုတဲ့အကြောင်း ပြည်သူတွေအတွက် အကောင်းဆုံးဘ၀တွေရောက်အောင် သူ ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်းတွေ အဓိက ပြောသွားပါတယ်။” ဦးထင်ကျော်ဟာ မင်းဘူးရေဘေးသင့် ပြည်သူလူထုကို ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး  ပွင့်ဖြူမြို့နယ် ကုန်းစောင်းကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့တယ်။ ကုန်းစောင်းမှာ ရေဘေးသင့်ပြည်သူနဲ့တွေ့ပြီး အလားတူ တောင်းပန်စကားပြော တယ်။ အဲ့ဒီနောက် ရဟတ်ယာဉ်နဲ့ ပခုက္ကူကို ဆက်လက် ထွက်ခွာသွားတယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်း၊ မင်းဘူးနဲ့ စကုမြို့နယ်တို့မှာ ရေဘေးသင့်အိမ်ထောင်စု ၂၈၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော် ရှိပါတယ်။
5 years Ago

ကောင်းကင်အမြင့်ခုန်စဉ် လေထီးမပွင့်၍ လေထီးသမားနှစ်ဦးသေဆုံး

ကောင်းကင်အမြင့်ခုန်စဉ်မှာ လေထီးမပွင့်ခဲ့တဲ့အတွက် လေထီးခုန်သမား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ အမေရိကန်အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ရဲ့ အမည်တွေကိုတော့ ထုတ်ဖော်မပြောနိုင်သေးပဲ ဒေသတွင်းရဲဌာနဆီ သြဂုတ်လ ၆ ရက်နေ့မနက်ပိုင်းက အရေးပေါ်ဆက်သွယ်မှုရပြီးခဲ့ချိန်မှာ ကယ်လီဖိုးနီး ယားပြည်နယ်၊ အက်ကမ်ပိုဒေသက စပျစ်ခြံတခြံထဲမှာ တွေ့ရှိခဲ့ရတာလို့ အိုင်တီဗွီသ တင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဆက်ကရာမင်တိုဒေသတွင်း မျက်မြင်သက်သေတွေကတော့ သူတို့အနေနဲ့ လေ ထီးပွင့်ခဲ့တာကို မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။ လေထီးခုန်သမားတွေဟာ အက်ကမ်ပိုဒေသ လေထီးခုန်သင်တန်းကျောင်းဗဟို မှာ ခုလိုခုန်ချခဲ့ကြတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်း လင်းမသိနိုင်သေးဘူးလို့ ဒေသတွင်းရဲဌာနမှ တာဝန်ရှိသူ ရန်ဒီ ဂျွန်ဆင်က ပြောပါ တယ်။ ဒါပေမယ့် အပျော်တမ်းလေထီးခုန်သမားတွေအနေနဲ့လည်း ညွှန်ကြားသူမပါပဲ ခုန်မချသင့်ဘူးလို့ ဆိုပါတယ်။ အက်ကမ်ပိုဒေသ လေထီးခုန်သင်တန်းကျောင်းဗဟိုမှ ပိုင်ရှင် ဘီလ်ဒေါ့စ်ကတော့ သင်ကြားရေးနည်းပြဆရာတွေဟာ သီးခြားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး အတွေ့အ ကြုံရှိသူတွေဖြစ်တာမို့ ခုလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိနိုင်ဘူးလို့ အန်ဘီစီသ တင်းဌာနကို ပြောပါတယ်။ လက်ရှိမှာတော့ အသေးစိတ်အချက်အလက်တွေကို လေကြောင်းညွှန်ကြားမှုဦး စီးဌာနဗဟိုမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
5 years Ago
Up