ကောင်းကင်ရထားပေါ်မှ တွဲလောင်းကျနေသည့် ကလေးကို ကယ်တင် (ရုပ်သံ)

A d v e r t i s e m e n t With Us

September 4, 2016

ကောင်းကင်ရထားပေါ်မှ တွဲလောင်းကျနေသည့် ကလေးကို ကယ်တင် (ရုပ်သံ)

နယူးဇီလန်နိုင်ငံမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တဦးဟာ ကောင်းကင်ရ ထားစီးနင်းစဉ်မှာ မတော်တဆခြေချော်ကျပြီး လေထဲမှာ တွဲလောင်းကျလျက်သားရှိနေခဲ့လို့ အနီးနားဝန်ထမ်းတွေက ကယ်တင်ခဲ့ကြရပါတယ်။ အဆိုပါကလေးငယ်ဟာ မိသားစုနဲ့အတူ စီးနင်းခဲ့တာဖြစ်ပြီး ထိုင်ခုံပေါ်ကနေ မတော်တဆ ခြေချော်ကျခဲ့ပြီး ခုလိုဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နယူးဇီလန်တောင်ပိုင်းကျွန်းစု ကန်တာဘူရီလွင်ပြင်မှာ ဖြစ်ခဲ့ တာဖြစ်ပြီး ရထားမစီးနင်းခင်မှာ အဆိုပါကလေးငယ်ဟာ ထိုင်ခုံခါးပတ်ကို ပတ်ထားဖို့ မေ့ခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင်ကနေ အမြင့် ၁၀ မီတာနီးပါးလောက်မှာ ကလေးငယ်ဟာ လေထဲ တွဲ လောင်းကျနေတာဖြစ်ပြီး သူ့ရဲ့ လက်မောင်းတွေကို မိဘတွေက ဆွဲထားခဲ့ကြရတာပါ။ တာဝန်ကျဝန်ထမ်းတွေဟာ ကလေးငယ်ကို ကယ်တင်နိုင်ဖို့အတွက် သူမြေပြင်ပေါ် ကျလာမယ့်နေရာမှာ နူးညံ့တဲ့ အခင်းတခုကို ချထားခဲ့ပြီးမှ ခုန်ဆင်းစေခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ရုပ်သံဖိုင်ကို တိုနီခရာမားစ်အမည်ရတဲ့ မျက်မြင်တွေ့ရှိသူတဦးက ရိုက်ကူးခဲ့တာပါ။ “၀န်ထမ်းတွေဟာ ဆိုးဆိုးဝါးဝါးထိခိုက်မှုမဖြစ်အောင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ကြည့်ပါဦး။ မြေကြီးပေါ်ကျမယ်ဆိုရင် တကယ့်ကို လွတ်လွတ်ရှင်းရှင်းကျသွားနိုင်တာပဲ။ သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။” ကြည့်ရှုနေသူတွေဟာ စိုးရိမ်တကြီးနဲ့ အံ့အားတသင့် ကြည့်ရှုနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ကလေးငယ်ကို အောင်အောင်မြင်မြင်ကယ်တင်နိုင်ခဲ့တာပါ။ တိုနီခရာမားစ်ရဲ့ ဇနီးဖြစ်သူ နစ်ခီကတော့ “ဒီကယ်ဆယ်မှုလုပ်နေချိန်အတွင်းမှာ ကျမ အသက်တောင်မရှူမိခဲ့ဘူးလို့ ထင်ပါတယ်။ သူ(ကလေး)မြေပြင်ပေါ် မရောက်ခင် အားလုံး တိတ်ဆိတ်နေကြတာပဲ။ တကယ့်ကို ကံကောင်းတာပါပဲ။ ကြည့်လိုက်ရင် ဘာမှ မမြင့်ဘူးလို့ ထင်ရပေမယ့် ၁၀ မီတာဆိုတဲ့ အမြင့်ဟာလည်း အန္တရာယ်များလှပါတယ်”လို့ ပြောလိုက်တာပါ။ ကလေးငယ်ဟာ မြေပြင်ပေါ်ရောက်ရှိချိန်မှာတော့ သူ့ရဲ့ မိဘတွေဟာ အပေါ်မှာ ကျန်နေခဲ့ပြီး ဆက်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ ကလေးငယ်က “ကျနော် သူတို့ကို ဘာမှတောင် မပြောနိုင်တော့ပါဘူး။ သူတို့က ဆက်စီးသွားခဲ့ကြတယ်”လို့ ပြောပါတယ်။
4 years Ago
Up