ကောင်စစ်ဝန်

October 23, 2018

ဆော်ဒီ ကောင်စစ်ဝန်ပိုင် မော်တော်ကားကို ရှာဖွေခွင့်မရ

တူရကီမြို့တော်၊ အစ္စတန်လ်ဘူမြိုထဲမှာ ရပ်ထားတဲ့ ဆော်ဒီကောင်စစ်ဝန်ပိုင် မော်တော်ကားကို ကောင်စစ်ဝန်ရုံးက ရှာဖွေခွင့် မပြုဘူးလို့ တူရကီ NTV သတင်းဌာနက  သတင်းထုတ်ပြန်ပါတယ်။ ဆူလ်တန်ဂါဇေခရိုင်မှာ ဆော်ဒီကောင်စစ်ဝန်ပိုင် မော်တော်ကား ရပ်ထားတာကို အောက်တိုဘာ ၂၂ ရက် က တွေ့ရှိခဲ့ပါတယ်။ အဲဒီ မော်တော်ကားဟာ ဆော်ဒီသတင်းထောက် ဂျမဲခါရွှန်းအီ အသတ်ခံရမှု စုံစမ်းရေးမှာ အဓိက အာရုံစိုက်စရာ ဖြစ်လာပါတယ်။ အောက်တိုဘာ ၁၈ ရက်က ကားပါကင်အတွင်း ရပ်ထားတဲ့ အဲဒီကားရဲ့ CCTV ဗီဒီယိုဖိုင်ကို တူရကီ သတင်းချန်နယ် အတော်များများက  ပြသခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ သံတမန်နံပါတ်ပြား တပ်ဆင်ထားတဲ့  တခြားမော်တော်ကား တစ်စီး ချဥ်းကပ်လာပြီး ကားနှစ်စီးစလုံးက နောက်ဖုံးတွေကို ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် လူတဦးက ကားတစီးထဲက အထုပ်တခုကို နောက်ကားတစီးထဲ ရွှေ့ခဲ့ပြီးနောက် ကားမောင်းထွက်သွားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ရဲ့ မှန်ကန်မှုကိုတော့  ရိုက်တာသတင်းဌာနအနေနဲ့ ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
3 years Ago

June 29, 2018

လှေစီးဒုက္ခသည် ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် လာရောက်တွေ့ဆုံ

မြန်မာပြည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်က ရခိုင်ပြည်နယ် ရသေ့တောင်ဘက်ကို လှေပျက်ပြီး ရောက်လာတဲ့ လှေစီးဒုက္ခသည် ၁၂ ဦးကို ပထမဆုံး  အကြိမ် လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၂၇ ရက် ညနေ က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်နဲ့ တာဝန်ရှိသူတွေဟာ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ  ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည် ၁၂ ဦးကို တွေ့ဆုံပြီး ကိုယ်ရေးမှတ်တမ်းတွေ ရယူသွားပါတယ်။ အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးဟာ ဇွန် ၁၁ ရက်မနက်က  ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်စီးနေတဲ့ စက်လှေတစီးနဲ့ အတူ တွေ့ရှိခဲ့တာပါ။ တွေ့ရှိခဲ့သူ အားလုံးပေါင်း ၁၀၄ ဦးထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနဲ့ မြန်မာဘက်က ၉၂ ဦး ပါဝင်တယ်လို့  တာဝန်ရှိသူတွေက စစ်ဆေးစိစစ်တွေ့ရှိခဲ့တာပါ။ မြန်မဘက်က ၉၂ ဦးကိုတော့ ဇွန် ၁၅ ရက်နေ့မှာ သူတို့ရဲ့ မူလနေထိုင်ရာ နေအိမ်တွေကို ပို့ဆာင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
3 years Ago
Up