ကောက်ကျစ်ပုံပေါ်နေသည့် ရော်နယ်ဒို ပုံစံတူရုပ်တု ဝေဖန်မှုမြင့်တက်

March 30, 2017

ကောက်ကျစ်ပုံပေါ်နေသည့် ရော်နယ်ဒို ပုံစံတူရုပ်တု ဝေဖန်မှုမြင့်တက် (ရုပ်သံ)

မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ လေဆိပ်သစ်မှာ ထားရှိမယ့် ဘောလုံးကြယ်ပွင့် ရော်နယ်ဒိုရဲ့ ပုံစံတူရုပ်တုဟာ ထူးဆန်းတဲ့ မျက်နှာထားနဲ့ ဖြစ်နေခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဒါဟာ လေဆိပ်တွင်း လာရောက်ကြမယ့် ဧည့်သည်တွေကို ဆွဲဆောင်နိုင်စေဖို့ ဂုဏ်ပြုထားရှိတာဖြစ်ပေမယ့် မတူညီ ကွဲပြားမှုနဲ့ ထူးဆန်းတဲ့ မျက်နှာပေးကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ အဲဒီလေဆိပ်ကို အဲရိုပေါ်တို ခရစ္စတီယာနို ရော်နယ်ဒိုလို့ အမည်လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး မတ်လ ၂၉ ရက်နေ့က ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနားကို ရော်နယ်ဒိုကိုယ်တိုင် တက်ရောက်ခဲ့တာပါ။ ဂုဏ်ပြုထုလုပ်ထားတဲ့ ကြေးရုပ်တုမှာ မျက်လုံး ၂ လုံးဟာ နီးကပ်လွန်းနေကာ မျက်ခုံးကို မြှင့်ပြီး မထီမဲ့မြင်အပြုံးထက် ကောက်ကျစ်စဉ်းလဲတဲ့ပုံ ပေါ်နေတယ်ဆိုပြီး တက်ရောက်လာကြတဲ့ ပရိသတ်တွေနဲ့ သူ့ရဲ့ အမာခံတွေက ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ဒီရုပ်တုရဲ့သွင်ပြင်နဲ့ ပတ်သက်ပြီး ရော်နယ်ဒိုကတော့ ဘာမှ ထူးထူးခြားခြား တုံ့ပြန်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ သည်ဆန်းသတင်းက ဆိုပါတယ်။
5 years Ago
Up