ကေအိုင်အေ

May 14, 2018

မူဆယ်တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိဟု ကေအိုင်အေ ငြင်းဆို

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ မေ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ တပ်မတော်ရဲ့  စွပ်စွဲချက်ကို ကေအိုင်အေက ငြင်းဆိုလိုက်ပါတယ်။ ဒုရဲအုပ်တဦး အပါအဝင် လူ ၂၀ နီးပါး သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ တပ်မတော်နဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြားက ကိစ္စ္စရပ်တွေ ဖြစ်ပွားခဲ့တာကြောင့် ကေအိုင်အေအနေနဲ့ ပူးပေါင်းခဲ့တာလည်း မရှိဘူးလို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ “တီအန်အယ်လ်အေက ထုတ်ပြန်ထားသလိုပါပဲ။ ကျနော်တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ စွပ်စွဲချက်တခုသာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ်ကိုတော့ မှတ်ချက်မပေးချင်ပါဘူး”လို့ သူက ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က ထုတ်ပြန်ချက်မှာတော့ ကေအိုင်အေ၊ တီအန်အယ်လ်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့နယ် အတွင်းရှိ လုံခြုံရေးဂိတ်စခန်းတွေနဲ့ မြို့တွင်းမှာရှိတဲ့ နေအိမ်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တီအန်အယ်လ်အေဘက်ကတော့ မူဆယ်တိုက်ခိုက်မှုဟာ တပ်မတော် ကျောထောက်နောက်ခံပြုထားတဲ့ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံကို အဓိက ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့  မေ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။ သတင်း - ရဲမွန်
4 years Ago

July 13, 2017

တရားမ၀င်ရွှေမှော်နှင့်ပယင်းမှော်များကြောင့် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ဟုဆို

  ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်မှာ တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေကြောင့် တပ်မတော်နဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ ဖြစ်နေရတာလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေ တူးဖော်ဆောင်ရွက်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း  တနိုင်းမြို့နယ် လွှယ်တော်အမတ် ဦးလင်းလင်းဦးက  ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုကိုထောက်ခံဆွေးနွေးခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးတင်စိုး က ဖားကန့်နဲ့ တနိုင်းနယ်မြေအတွင်းက တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေကြောင်း မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အေ တို့တိုက်ပွဲတွေဖြစ်နေရတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူထောင်ပေါင်းများစွာ ထိခိုက်နေရတဲ့အတွက် အစိုးရ အနေနဲ့ တရားဝင် လုပ်ကွက်တွေ ဖော်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ “တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေဟာ တနိုင်းဒေသနဲ့ နယ်နမိတ်ချင်းထိဆက်နေတဲ့ ဖားကန့် ဒေသအထိ ကူးဆက်ဖြစ်ပွားလာတာကို တွေ့ရှိရပါတယ်။ သယံဇာတဖြစ်တဲ့ ရွှေမှော်တွေနဲ့ ပယင်းမှော်တွေကြောင့် အခုလို တိုက်ပွဲတွေဖြစ်ပေါ်လာတိုင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းရသလို ပြည်သူလူထုတရပ်လုံး တောင်းတနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေး၊ တုန့်ဆိုင်းနှေးကွေးခဲ့ရတာကြောင့် တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး တင်သွင်းတဲ့ တရားမဝင်ရွှေနဲ့ ပယင်းတူးဖော်နေမှုလုပ်ငန်းတွေကို နောင်ခါမဖြစ်ရေအောင် သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က ထိထိရောက်ရောင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံတင်ပြပါတယ်။” တိုက်ပွဲတွေကြောင့် မှော်အတွင်းက ပြည်သူတွေ့ရဲ့ ဘဝတွေသာ ထိခိုက်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာနိုင်တယ် လို့ အဆိုရှင် ဦးလင်းလင်းဦးက သုံးသပ်ပြောဆိုပါတယ်။ “ဒီလို နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ပတ်သက်တဲ့ ကိစ္စရက်တွေ၊ ကျနော်တို့ ဒီပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေမယ့်ကိစ္စရပ်တွေနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး ကို ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာပြီး ပြဌာန်းဥပဒေကို လေးစား လိုက်နာရမှာဖြစ်ပြီး လက်နှက်ကိုင်တပ်တွေ ကျနော်တို့အစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သင့်ပါတယ်။” တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေမှာ တူးဖော်မှုတွေနောက် ထပ်ဖြစ်မလာစေဖို့နဲ့ တရားမဝင် ရွှေမှော်တွေနဲ့ ပယင်းမှော်တွေကြောင့်ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တန့်သွားစေဖို့ ရည်ရွယ် တင်သွင်းခဲ့တဲ့ အဆိုနဲ့ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက သဘောတူလက်ခံခဲ့ကြပါတယ်။
5 years Ago
More News
Up