ကေအက်ဖ်စီ ဖြစ်ရပ်မှန်

March 18, 2015

၁ နှစ် ကြက် ၂၃ သန်း သတ်ရောင်းသည့် ကေအက်ဖ်စီ ကြက်ကြော် ရုပ်သံထွက်ပေါ်

တနှစ်ကို ကြက်ကောင်ရေ ၂၃ သန်း သတ်ပြီး ကြက်ကြော်တွေ ရောင်းချနေတဲ့ ကန်တပ်ကီ ကြက်ကျော် (ကေအက်ဖ်စီ) ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် ရုပ်သံ ဇာတ်လမ်းထွက် ပေါ်လာပါတယ်။ ထွက်ပေါ်လာတဲ့ အပိုင်း ၃ ပိုင်းရှိ “ဘီလီယံဒေါ်လာ ကြက်ဆိုင်” အမည်ရ ဘီဘီစီရဲ့ ရုပ်သံ အပိုင်း ၁ မှာ ထောင်နဲ့ချီတဲ့ ကြက်တွေကို ပြတင်းပေါက် ရုံတွေထဲမှာ မွေးမြူထားပြီး ဓာတ်ငွေ့ပေး မသတ်ဖြတ်ခင် ၃၅ ရက်ပဲ အသက်ရှင်ခွင့်ရှိတယ်လို့ ဗြိတိန် ဒေးလီးမေလ်းသတင်းက ရေးပါတယ်။ Chickens feed from a row of feed bins at C&A Farms in Fairmont, North Carolinaသတ်ဖြတ်ပြီးတဲ့ ကြက်တွေကို အပိုင်း ၉ ပိုင်းပိုင်းပြီးနောက် သတ်မှတ်ထားတဲ့ အတိုင်း လုပ်ဆောင်ပြီးရင် နိုင်ငံတ၀န်းကို ဖြန့်ချိတယ်လို့ ဆိုပါတယ်။ နိုင်ငံတ၀န်းက ခြံပေါင်း ၁ ထောင်က တနှစ်ကို ကြက်ကောင်ရေ ၂၃ သန်းထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းကတော့ မွေးမြူရေးရုံမှာ စားလိုက်သောက်လိုက်နဲ့ သတ်မှတ်အလေးချိန်ရောက်တဲ့အထိ ကောင်းမွန်တဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့ ကြက်ဖြစ်ဖို့ ၀န်မလေးဘူးလို့ ပြောဆိုတဲ့ လယ်သမား အင်ဒရှုးကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကေအက်ဖ်စီဟာ ဗြိတိန်မှာ လူကြိုက်အများဆုံး အစားအသောက်ဖြစ်သလို ၁ မိနစ်မှာ ကြက်ကြော် အတုံး ၄၀၀ ကို ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကေအက်ဖ်စီက ကင်မရာရိုက်ယူဖို့ ခွင့်ပြုခဲ့တာ ဖြစ်သလို ကေအက်ဖ်စီရဲ့ လုပ်ဆောင်ချက်ကို ဘက်မလိုက်တင်ပြခဲတာ ဖြစ်တယ်လို့ ဘီဘီစီ ပြောခွင့်ရကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
7 years Ago
Up