ုယူရိုခြေစစ်ပွဲ

A d v e r t i s e m e n t With Us

October 6, 2015

တုတ်တချောင်း ကစားသမား ၂ ဦး နည်းစနစ်သစ်ဖြင့် ပြင်သစ်အသင်း လေ့ကျင့် (ရုပ်သံ)

၂၀၁၆ ယူရို ခြေစစ်ပွဲအဖြစ် အာမေးနီးယား၊ ဒိန်းမတ်အသင်းတို့နဲ့ မကစားမီ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်ကတော့ အသင်းသားတွေကို နည်းစနစ်သစ်နဲ့ လေ့ကျင့်ခိုင်းထားပါတယ်။ အတွဲလိုက် ဘောလုံးသမား ၂ ဦး တုတ်တချောင်း အစွန်းတဖက်ကိုကိုင်ပြီး ဘောလုံးကို ဒီတုတ်ပေါ်ကနေ အပေးအယူ လုပ်ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီလိုအတွဲတွေထဲမှာတော့ ပရီးမီးယားလိဂ် မန်ချက်စတာစီးတီးက ဆစ်နာနဲ့ ချဲလ်ဆီးက ဇူးမားတို့ကတတွဲ၊ အာဆင်နယ်က ဂျီရူးနဲ့ ရှနိုက်ဒါလင်းတို့က တတွဲနဲ့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်နေတဲ့ အသင်းသားတွေရဲ့ တိုးတက်မှုကို နည်းပြ ဒက်စ်ချမ့်က လိုက်လံကြည့်ရှုနေပါတယ်။
5 years Ago
Up