ကိုဆိုဗိုမှာ ဆားဘီးယား အုပ်ချုပ်သူတွေနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကြောင့် သဘောထား တင်းမာသူတွေနဲ့ ရဲတပ်ဖွဲ့တို့ နိုဝင်ဘာ ၁၈ ရက်က အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။
မြို့တော် ပရစ်တီနာမှာ အမှိုက်ပုံးတွေနဲ့ အစိုးရယာဉ်တွေကို ရာချီတဲ့ ဆန္ဒပြသူတွေက မီးရှို့ခဲ့ပါတယ်။
ဒီအတွက် ရဲတပ်ဖွဲ့က ၀င်ရောက်ထိန်းသိမ်း ဆောင်ရွက်ရာမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။
ကိုဆိုဗိုဟာ ဆားဘီးယားကနေ လွတ်လပ်ရေးရတာ ၈ နှစ်ပြည့်လုနီးပါး ရှိလာပြီဖြစ်ပြီး ဥရောပသမဂ္ဂက ၂ နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့ ဆောင်ရွက်ပေးနေပါတယ်။
ကိုဆိုဗိုက အယ်ဘေးနီးယား တိုင်းရင်းသား အများစုက ဆားဘီးယားကို အလျှော့ပေးတာကို မကျေမနပ် ဖြစ်နေပြီး အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အယ်ဘေးနီးယား တိုင်းရင်းသားတွေကို ကိုဆိုဗိုတပ်ဖွဲ့တွေက သတ်ဖြတ်နေတာကို ရပ်တန့်ဖို့ နေတိုးက ၁၁ ပတ်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့အပြီး အယ်ဘေးနီးယား အများစု နေထိုင်တဲ့ ကိုဆိုဗိုက ဆားဘီးယားကနေ ၁၉၉၉ ခုနှစ်မှာ ခွဲထွက်ခဲ့ပါတယ်။
ရုပ်သံ - ဘန်ကောက်ပို့စ်
7 years Ago