ာသင်ကျောင်း

A d v e r t i s e m e n t With Us

March 13, 2020

သီရိလင်္ကာ စာသင်ကျောင်းအားလုံး ပိတ်

သီရိလင်္ကာနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို တွေ့ပြီးနောက် နိုင်ငံတဝှမ်းကျောင်းအားလုံးကို ပိတ်လိုက်ပြီလို့ သီရိလင်္ကာပညာရေးနဲ့အားကစားဝန်ကြီး မတ်လ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။  ကျောင်းအားလုံးကို ဧပြီ ၂၀ ရက်အထိ ပိတ်သွားမယ်လို့ ပညာရေးနဲ့အားကစားဝန်ကြီးက မီဒီယာကို ပြောခဲ့ပါတယ်။ သီရိလင်္ကာအစိုးရ ဆုံးဖြတ်ချက်ကို ကျောင်းသား မိဘတွေကလည်း ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။  ကျောင်းကားမောင်းသူတဦးကတော့ ကောလာဟလတွေကြောင့် လူတွေ အကြောက်ပိုနေတယ်လို့ ပြောပါတယ်။  ကျောင်းသားတဦးတလေမှ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ပေမယ့် မိဘတွေက အကြောက်လွန်နေတယ်လို့ သူက ဆိုပါတယ်။  ကျောင်းသားတွေကို ကျောင်းမှာချပေးပြီး အရေးပေါ် တခုခုဖြစ်ရင် ရှိနေအောင် သူတို့အနေနဲ့ ကျောင်းနားမှာပဲ နေပါတယ်လို့ ကျောင်းကားဆရာက ပြောခဲ့ပါတယ်။ သီရိလင်္ကာမှာ ပထမဆုံး ဗိုင်းရပ်စ်ပိုးတွေ့သူဟာ မကြာခင်က အီတလီကမ္ဘာလှည့်ခရီးသွားတွေနဲ့ ထိတွေ့ခဲ့တဲ့ ဧည့်လမ်းညွှန်တဦးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။ 
12 months Ago
Up