ာမည့်နှစ်လယ်

September 5, 2020

ကိုဗစ်ကာကွယ်ဆေး လာမည့်နှစ်လယ် ရနိုင်မည်ဟု WHO ပြော

ကိုဗစ်-၁၉ကာကွယ်ဆေးကို လာမယ့်နှစ်  နှစ်လယ်လောက်ကျမှ  ကျယ်ကျယ်ပြန့်ပြန့်  ရနိုင်မယ် မျှော်လင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စက်တင်ဘာ ၄ ရက်မှာ ပြောဆို လိုက်ပါတယ်။   WHO ပြောခွင့်ရအမျိုးသမီး  မာဂရက်ဟဲရစ်က  ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ အစွမ်း ထက်မှုနဲ့ ဘေးကင်းမှု အရေးကြီးပုံကို အလေးထားပြောဆိုခဲ့ပါတယ်။   အခုထိ စမ်းသပ်နေတဲ့ ဘယ်ကာကွယ်ဆေးမှ WHO လိုလားတဲ့ ပြတ်ပြတ်ထင်ထင် အစွမ်းထက်မှုအဆင့်ရဲ့  ၅၀ ရာခိုင်နှုန်းကိုတောင် မရရှိသေးဘူးလို့လည်း မာဂရက် ဟဲရစ်က ဆိုပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစောဆုံးအောက်တိုဘာလ နှောင်းပိုင်းမှာ ဖြန့်ဝေဖို့  အဆင့်သင့်ဖြစ်မယ်လို့ အမေရိကန်ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ Pfizer ကော်ပိုရေးရှင်းက  စက်တင်ဘာ ၃ ရက်က ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ နိုဝင်ဘာ  ၃ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲ  မတိုင်မီဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ဒုတိယသက်တမ်း  အနိုင်ရမလားဆိုတာကို  ဆုံးဖြတ်ရာမှာ  ကိုဗစ်-၁၉ ကပ်ရောဂါက အဓိကအကြောင်းရင်းဖြစ်လာဖွယ် ရှိတယ်လို့ ဆိုပါတယ်။
1 year Ago
Up