ဩစတြီးယားကလပ် LASK အသင်

February 29, 2020

ယူရိုပါလိဂ် ၁၆ သင်းအဆင့်တွင် မန်ယူနိုက်တက်အသင်း LASK နှင့်တွေ့ဆုံ

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဆွဇ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့မှာ မနေ့ညနေပိုင်းက မဲနိုက်ရွေးချယ်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက ဩစတြီးယားကလပ် LASK အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗာဟမ်တန်ကတော့ ဂရိကလပ် အိုလံပီယာကော့နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ အီတလီကလပ် ရိုးမားကတော့ စပိန်ကလပ်အသင်း ဆီဗီလာ၊ အင်တာမီလန်အသင်းကလည်း ဂီတာဖေးနဲ့ တွေ့ဆုံနေပါတယ်။ လီဗာပူးကစားသမားဟောင်း နည်းပြ ဂျရတ်ရဲ့ ရိန်းဂျားအသင်းက လေဗာကူဆင်၊ ဝုဖ်ဘတ်အသင်းကတော့ ရှက်တာဒိုးနက်စ်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ အခြားပွဲစဉ်တွေမှာတော့ ရှက်ဆီဟီက ကိုပင်ဟေဂင်၊ ဆာလ်ဇ်ဘာ့ဂ်/ဖရန့်ဖတ်က ဘေဆယ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို မတ် ၁၂ ရက်နေ့နဲ့ ဒုတိယအကျော့ ပွဲစဉ်ကို မတ် ၁၉ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
1 year Ago
Up