ဧ၀ရတ်တောင်ထိပ်သို့ မြန်မာတောင်တက်သမားများ

April 21, 2016

ဧ၀ရတ်တောင်ထိပ်သို့ မြန်မာတောင်တက်သမားများ တက်ရောက် (ဓာတ်ပုံ)

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ဖို့အတွက် မြန်မာနိုင်ငံသား တောင်တက်သမား ၃ ဦး ဧ၀ရတ်တောင်ကို တက်ရောက်နေတယ်လို့ ထူးဖောင်ဒေးရှင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာတောင်တက်အဖွဲ့ဟာ ဧပြီလ ၁၇ ရက်နေ့က အမြင့် ၅၈၀၀ မီတာအထိ တက်ရောက်ခဲ့ကြပြီး ဧပြီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ တောင်ခြေစခန်းတွင် စခန်းချ ညအိပ်ခဲ့ကြပါတယ်။ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ တောင်တက်စခန်း(၁) (Camp-1) သို့ တက်ရောက်မှာဖြစ်ပြီး Camp-1 မှာ ညအိပ်ပါမှာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ တောင်တက်စခန်း ၂ သို့ မြန်မာတောင်တက်အဖွဲ့ ဆက်လက်တက်ရောက်မှာဖြစ်ပြီး တောင်တက်စခန်း ၂ ကို တက်ရောက်အပြီးတွင် မြန်မာ တောင်တက်သမားတွေ တောင်တက်စခန်း ၁ သို့ ပြန်လည်ဆင်းသက်ကာ ညအိပ်ကြမှာ ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ တောင်ခြေစခန်းကို ပြန်လည်ဆင်းသက်ကြမှာဖြစ်ပါတယ်။ (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)
6 years Ago
Up