ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံ စိုက်ထူနိုင်ရေး ကြိုးပမ်း

May 25, 2016

ဧ၀ရတ်တောင်ထိပ်တွင် မြန်မာအလံစိုက်ထူခဲ့သူ ၂ ဦး ရန်ကုန်ရောက်ရှိ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကိုတက်ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူကာပြန်လာတဲ့ မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အဖွဲ့ချုပ်က အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင် (တောင်ခြေမှာ စောင့်နေသူ) တို့ကို ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မိသားစုဝင်တွေ ထူးကုမ္ပဏီကဝန်ထမ်းတွေ ကြည်းရေလေက အရာရှိစစ်သည် ၁၅၅ ယောက်နဲ့ပြည်သူတချို့က ကြိုဆိုခဲ့ကြပါတယ်။ မေလ ၂၇ ရက်နေ့ ၁ နာရီမှာ ကန်တော်ကြီးပဲလေ့စ်ဟော်တယ်မှာ အဲဒီခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်။  
6 years Ago

May 17, 2016

ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံ စိုက်ထူနိုင်ရေး ကြိုးပမ်း

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်ပေါ်မှာ မြန်မာနိုင်ငံတော်အလံကို စိုက်ထူနိုင်ဖို့ မြန်မာတောင်တက်သမား လူငယ် ၂ ဦးက ကြိုးပမ်းနေကြတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ မေလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ တောင်တက်သမား ၂ ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ ၂ ဦးဟာ  လက်ရှိမှာတော့ အမြင့် ၆၄၀၀ မီတာရှိ Camp-2 ကို ရောက်ရှိနေပြီး တောင်ထိပ်ပေါ်ကို ဆက်လက်တက်ရောက်နိုင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အဖွဲ့မှာ မူလက ၃ ဦးပါဝင်ပြီး အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုညီညီအောင်က ကျန်းမာရေး အခြေအနေကြောင့် ဆက်လက်မလိုက်ပါနိုင်တော့ဘဲ တောင်အောက်ခြေစခန်းမှာ ကျန်နေခဲ့ရတာပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်မှာ အန္တရာယ်ကြီးမားတဲ့ ရေခဲပြိုကျမှုတွေကြောင့် ပြီးခဲ့တဲ့ တောင်တက်ရာသီ ခရီးစဉ်ကို ၂ နှစ်ဆက်တိုက် ရပ်နားထားခဲ့ရတာပါ။ အခုနှစ်မှာတော့ မြန်မာတောင်တက်သမား ၂ ဦးအနေနဲ့ တောင်ထိပ်ပေါ်မှာ မြန်မာနိုင်ငံတော်အလံကို စိုက်ထူနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ မေလ ၁၇ ရက်နေ့ မနက် ၆ နာရီမှာ အမြင့် ၇၁၆၂ မီတာရှိတဲ့ Camp-3 ကို ဆက်ပြီး တက်ရောက်ကြမှာပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်မှာ တောင်တက်သမားတွေအနေနဲ့ အောက်ခြေစခန်းကနေ အဆင့် ၄ ဆင့်ထိ တက်ရောက်ရတာဖြစ်ပြီး Camp-4 ကို ဖြတ်သန်းပြီးချိန်မှာတော့ တောင်ထိပ်ကိုအရောက် ဆက်တက်ကြရတာပါ။ Camp-4 ကတော့ အမြင့်မီတာ ၈၀၀၀ ရှိပြီး မြန်မာတောင်တက်သမားတွေဟာ တောင်ထိပ်ရှိ အပူချိန်၊ လေတိုက်နှုန်း စတဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တောင်ထိပ်ပေါ်အရောက် တက်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
6 years Ago
Up