ဧရာဝတီလင်းပိုင်

March 20, 2017

ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးသတ်ဖြတ်မှု လျော့ကျလာ

  မျိုးတုန်းပျောက်ကွယ်လာပြီဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုမှု များပြားလာတဲ့အတွက် ဖမ်းဆီးသတ်ဖြတ်မှုတွေ လျော့ကျလာတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့က သတင်းရရှိပါတယ်။ ဧရာဝတီလင်းပိုင်တွေကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသားတွေကို ဒေသထွက်ပစ္စည်းတွေနဲ့ ဒေသအစားအစာတွေကို ချက်ပြုတ်ရောင်းချပြီး ဒေသခံတွေ အပိုဝင်ငွေရရှိစေဖို့ စီစဉ်ပေးထားတဲ့ အတွက် လင်းပိုင်တွေကို ရေလုပ်သားတွေနဲ့ ဒေသခံတွေကလည်း ပူးပေါင်းကာကွယ်လာကြတယ်လို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့တာဝန်ခံ ဦးဟန်ဝင်က ပြောပါတယ်။ ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့ ပတ်ဝန်းကျင်မှာ ရှော့တိုက်ငါးဖမ်းတာတွေ၊ ပိုက်ကွန်နဲ့ ငြိမိတာတွေကြောင့် သေဆုံးမှုတွေဖြစ်ပေါ်နေတဲ့အတွက် ၁ လကို ၂ ကြိမ်လောက် ဒေသခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ထိန်းသိမ်း ရေးဧရိ ယာအတွင်းကင်းလှည့်နေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ဧရာဝတီလင်းပိုင်အကောင်ရေ ၇၂ ကောင်အထိရှိပြီး မနှစ်ကထက် ၆ ကောင်လောက် ပိုမိုတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။ လင်းပိုင်းတွေ ထိန်းသိမ်းနိုင်ဖို့အတွက် ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်တာကို ၂၀၁၃ ခုနှစ်က စတင် အကောင်အထည် ဖော်ခဲ့တာပါ။ သတင်း- AMIA
6 years Ago

February 9, 2016

ဧရာဝတီလင်းပိုင်များကို ကာကွယ်ရန် ဂျက်ကီချမ်း မြန်မာဘာသာဖြင့်မေတ္တာရပ်ခံ (ရုပ်သံ)

ဧရာဝတီလင်းပိုင်တွေ မျိုးသုန်းမပျောက်ကွယ်ဖို့အတွက် အကာအကွယ်ပေးဖို့ နာမည်ကျော် ဟောင်ကောင် ကွန်ဖူးမင်းသား ဂျက်ကီချမ်းက မြန်မာ ဘာသာနဲ့ မေတ္တာရပ်ခံပြောကြား လိုက်ပါတယ်။ ဖေဖော်ဝါရီ ၉ ရက် ဧရာဝတီမြစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း ကွန်ရက်က လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ဂျက်ကီချမ်းရဲ့ အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ပြောဆို မေတ္တာရပ်ခံထားတဲ့ မိနစ်ဝက်ကျော်တဲ့ ရုပ်သံဖိုင်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ “မင်္ဂလာပါ ကျနော်ဂျက်ကီချမ်း” လို့ ဂျက်ကီချမ်းက မြန်မာလို နှုတ်ခွန်းဆက်ပါတယ်။ ဒီနောက်မှာတော့ လျှပ်စစ်ရှောခ့် ရိုက်ငါးဖမ်းခြင်းတွေ ရပ်တန့်အောင် အကူအညီပေးကြဖို့လည်း သူက အင်္ဂလိပ်လို မေတ္တာရပ်ခံပါတယ်။ “ခင်ဗျားတို့ အားလုံး ဧရာဝတီလင်းပိုင်တွေကို ကာကွယ်ရမယ်”လို့ မြန်မာလို ပြောဆိုခဲ့ပါတယ်။ ကမ္ဘာတ၀န်းလုံးက လင်းပိုင်တွေလို ဧရာဝတီလင်းပိုင်တွေကို ရှင်သန်ခွင့်ပေးဖို့လည်း သူက တောင်းဆိုပါတယ်။ “ကျနော်မကြာမီ လာလည်မယ်။ ဧရာဝတီလင်းပိုင်တွေနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်”လို့လည်း သူက မြန်မာလို ပြောပါတယ်။
7 years Ago
Up