ဧရာ၀တီတိုင်း

A d v e r t i s e m e n t With Us

January 19, 2021

ဧရာ၀တီတိုင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဖြစ်ပွား

ဧရာ၀တီတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု ၁၈၆ ကြိမ်ထိ ရှိခဲ့တယ်လို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။ ဧရာ၀တီတိုင်းအတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဟာ ပုသိမ်ခရိုင်မှာ ၄၆ ကြိမ်၊ ဟင်္သာတခရိုင်မှာ ၄၃ ကြိမ်၊ ဖျာပုံခရိုင်မှာ ၁၉ ကြိမ်၊ မြောင်းမြခရိုင်မှာ ၁၈ ကြိမ်၊ မအူပင်နဲ့ လပွတ္တာခရိုင်တွေမှာ အကြိမ် ၃၀ စီဖြစ်ပွားခဲ့တာပါ။ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှု ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်းက “မီးလောင်မှုက ၁၈၆ ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲ့မှာ ဆုံးရှုံးမှုပမာဏတန်ဖိုးက ၁၇၈.၁၀၉ သန်းဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာရင် အချိန်နဲ့ တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဇာတ်တိုက်လေ့ကျင့်တာတွေလည်း ပြုလုပ်နေပါတယ်။” မီးသတ်တပ်ဖွဲ့အနေနဲ့ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ နိုင်ငံခြားကတင်သွားထားတဲ့ ခေတ်မီကိရိယာတွေကို အသုံးပြုပြီး လေ့လာတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၂ မြို့အတွက် တပ်ဖွဲ့ဝင်အင်အား ၁၀၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့အပြင် နောက်ထပ်အထူးတပ်ခွဲ ၁ ခွဲလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ် ၂၀၀ နီးပါးဖြစ်ပွားခဲ့ပြီး ပြောင်းလည်းလာတဲ့ လူနေထိုင်မှုစနစ်အရ အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်မှုများပြားလာတာတွေကြောင့် ခုလိုလေ့ကျင့်တာတွေ ပြုလုပ်နေရတာလို့ မီးသတ်ဦးစီး ဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 week Ago

၂၀၂၀ ပြည့်နှစ်အတွင်း ဧရာ၀တီတိုင်းသို့ အထောက်အထားမဲ့ဝင်လာသူ ၁၀၆ ဦး ဖမ်းမိခဲ့

ဧရာ၀တီတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ၀င်ရောက်လာသူ ၁၀၆ ဦးကို ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဧရာ၀တီတိုင်းအတွင်း ရခိုင်ပြည်နယ်က၀င်ရောက်လာတဲ့ အထောက်အထားမဲ့ ဖမ်းမိမှု ၃ ကြိမ်အထိ ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းမိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ “အထောက်အထားမဲ့ ၀င်လာတဲ့လူတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး သူတို့လာတဲ့ နေရာတွေကို ပြန်ပို့ပေးခဲ့ပါတယ်၊ လိုက်ပို့တဲ့လူတွေကိုတော့ ရဲစခန်းတွေမှာ ဥပဒေအတိုင်းအရေးယူထားတယ်” လို့  တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက DVB ကိုပြောပါတယ်။ ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ၀င်ရောက်လာသူတွေကို လိုက်ပို့ပေးတဲ့ အမျိုးသား ၁၆ ဦးကိုတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ လူကုန်ကူးမှုဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ ဧရာ၀တီတိုင်းမှာ ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းက အထောက်အထားမဲ့ ၀င်ရောက်လာသူတွေကို ဖမ်းဆီးရမိမှု ၃ ကြိမ်၊ စုစုပေါင်း ၁၄၈ ဦးထိရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ ၇ ဦးကိုတော့ နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 week Ago

January 16, 2021

ဧရာ၀တီတိုင်း သဘာဝဘေးကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်း

ဧရာဝတီတိုင်းမှာ သဘာဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှာ ဇန်နဝါရီ ၁၅ ရက်နေ့က ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့  ပထမဆုံးအကြိမ် သရုပ်ပြတဲ့ အခမ်းအနားမှာ အထူးတပ်ခွဲက နိုင်ငံခြားက ရှာဖွေရေးပစ္စည်းတွေအသုံးပြုပြီး ပြသခဲ့တယ်လို့ တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောပါတယ်။ “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် တိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်လုံး တပ်စု ၁ စုကို ၃၅ ဦးပါတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ပြီး ကြိုတင်ပြင်ဆင်တာတွေ လေ့ကျင့်တာတွေကို ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၂ မြို့အတွက် တပ်ဖွဲ့ဝင်အင်အား ၁,၀၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့အပြင် နောက်ထပ်အထူးတပ်ခွဲ ၁ ခွဲလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်တာတွေကိုတော့ ညွှန်ကြားချက်အရ ပြုလုပ်တာဖြစ်ပြီး ပုံမှန်လေ့ကျင့်တာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း သဘာဘေးအန္တရာယ် အကြိမ် ၂၀၀ နီးပါးဖြစ်ပွားခဲ့ပြီး ပြောင်းလဲလာတဲ့ လူနေထိုင်မှုစနစ်အရ အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်မှု များပြားလာတာတွေကြောင့် ခုလို လေ့ကျင့်တာတွေ ပြုလုပ်နေတာလို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
2 weeks Ago
More News
Up