ဧရာဝတီမြစ်ရေတက်မှုကြောင့် မိုးညိုတွင် စာသင်ကျောင်း ၈၁ ကျောင်း ခေတ္တပိတ်

A d v e r t i s e m e n t With Us

August 5, 2016

ဧရာဝတီမြစ်ရေတက်မှုကြောင့် မိုးညိုတွင် စာသင်ကျောင်း ၈၁ ကျောင်း ခေတ္တပိတ်

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လို့ စိုးရိမ်ရေအမှတ်ထက် ၆ ပေ လောက် ကျော်လွန်နေတဲ့အတွက် ကျေးရွာအုပ်စု ၃၀ မှ ကျေးရွာပေါင်း ၁၀၀ ရေကြီးနေပြီး စာသင်ကျောင်း ၈၁ ကျောင်း ခေတ္တပိတ်ထားရပါတယ်။ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက ဆင်မနိုင်တိုက်နယ်အတွင်းရှိ နတ်တလင်းမြို့ကို ဆက်သွယ်ထားတဲ့ ရေအိုးစဉ်ကုန်းနဲ့ တာပွန်ကျေးရွာခြင်းဆက်တာတခု ကျိုးပေါက်ကာ သွားလာရေး ခက်ခဲနေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်ကပြောပါတယ်။ လမ်းတံတားတာဝန်ရှိသူတွေအနေနဲ့ တာရေတိုက်စားတဲ့ နေရာမှာ ဆက်လက်တိုက်စားမှုတွေ မဖြစ်ပေါ်စေဖို့ ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေ သွားလာဖို့ စက်တပ်လှေ ၃ စီးက အခကြေးငွေယူပြီး ပို့ဆောင်ပေးနေတယ်လို့ ရေအိုးစဉ်ကုန်းမှ စက်တပ်လှေပိုင်ရှင်တဦးက ပြောပါတယ်။ မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၂.၆၀ ပေ ဖြစ်ပြီး ဒီနေ့တိုင်းတာချက်အရ (၅၈.၈၅) ပေကို ရောက်ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။ သတင်း - ဝဏ္ဏထွန်း
5 years Ago
Up