ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ

September 1, 2021

မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ၏နေအိမ်၌ ပစ်ခတ်ခံရ၊ သားဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ ချောင်းဒေါင်းကျေးရွာနေ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကိုနီရဲ့ နေအိမ်အတွင်း ဩဂုတ် ၃၁ ရက် ည ၈ နာရီလောက်က ဆိုင်ကယ် ၄ စီးနဲ့ လူတစုက လာရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဦးကိုနီရဲ့  သားဖြစ်သူ မောင်မင်းထက်ကို ရရှိဒဏ်ရာနဲ့ ည ၉ နာရီ မိနစ် ၂၀ လောက် မြင်းခြံဆေးရုံမှာ ဆုံးပါးသွားပြီး ညီဖြစ်သူ ကိုလူအေးကိုတော့ မန္တလေးဆေးရုံကို အရေးပေါ်အခြေနေနဲ့ ပို့ဆောင်လိုက်ရ​တယ်လို့  သိရပါတယ်။

နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်သူတွေဟာ ပျူစောထီးအဖွဲ့က ဖြစ်တယ်လို့ မြို့လူထုက ပြောပါတယ်။

3 months Ago
Up