ဧရာဝတီယူနိုက်တက်

A d v e r t i s e m e n t With Us

May 29, 2019

ပိုဟန်စတီးလားအသင်းက ဧရာဝတီယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်

တောင်ကိုရီးယား ကေလိဂ်ကလပ် ပိုဟန်စတီးလားနဲ့ ဧရာဝတီယူနိုက်တက်တို့ရဲ့ ခြေစမ်းပွဲကို မနေ့ညနေက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရာ ပိုဟန်စတီးလားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ယူ၂၃ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ် ပထမပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာပါ။ ဧရာဝတီယူနိုက်တက်အသင်းဟာ နိုင်ငံခြားသား ကစားသမားသစ်တွေကို စမ်းသပ်အသုံးပြုသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားပြီး ၄ မိနစ်နဲ့ ၆ မိနစ်တွေမှာ နှစ်ဂိုးဆက်သွင်းကာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် ဧရာဝတီယူနိုက်တက်က ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားလာပြီး ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး အောင်ကောင်းမာန်က ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဧရာဝတီအသင်းက လူစားလဲမှုတွေ ပြုလုပ်ပြီး တိုက်စစ်အား မြှင့်ခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ လွင်မိုးအောင်က ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးတွေ ပေးလိုက်ရပြီးနောက် ပိုဟန်စတီးလားအသင်း တိုက်စစ်တဖန်မြှင့်လာပြီး ပွဲချိန် ၇၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် လာမယ့် မေလ ၃၀ ရက်နေ့မှာ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2 years Ago

May 27, 2019

မြန်မာနှင့် ခြေစမ်းမည့် ပိုဟန်စတီးလားအသင်း ယူ၂၃ ကစားသမားများဖြင့် ယှဉ်ပြိုင်မည်

မြန်မာယူ၂၂၊ ဧရာဝတီအသင်းတွေနဲ့ ကစားမယ့် ပိုဟန်စတီးလားအသင်းမှာ ယူ ၂၃ ကစားသမားတွေပဲ ခေါ်ဆောင်လာတယ်လို့ အသင်းနည်းပြ ကင်ဂျီဒေါင်က ပြောပါတယ်။ ပိုဟန်စတီးလားအသင်းဟာ လက်ရှိ ကေလိဂ်ပြိုင်ပွဲမှာ ၁၃ ပွဲကစား ၆ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။ လိဂ်ပြိုင်ပွဲတွေ ကစားနေတဲ့အတွက် အသင်းကြီးက အဓိက ကစားသမားတွေကို မခေါ်လာဘဲ အသက် ၂၃ နှစ်အောက် ကစားသမားတွေပဲ မြန်မာပြည်ကို ခေါ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးရှိတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ခြေစမ်းပွဲနှစ်ပွဲကနေ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ကိုရီးယားကလပ် ပိုဟန်စတီးလားနည်းပြက ပြောပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ကေလိဂ်ချန်ပီယံ ၅ ကြိမ် ရရှိခဲ့ဖူးပြီး အာရှချန်ပီယံလိဂ် ချန်ပီယံ ၃ ကြိမ်လည်း ရယူနိုင်ခဲ့ဖူးပါတယ်။ တောင်ကိုရီးယား ကေလိဂ်ထိပ်တန်းကလပ် ပိုဟန်စတီးလားအသင်းဟာ မေလ ၂၈ ရက်မှာ ဧရာဝတီယူနိုက်တက်အသင်း၊ မေလ ၃၀ ရက်မှာ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းတွေနဲ့ သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ အဲဒီခြေစမ်းပွဲနှစ်ပွဲကို ဝင်ကြေးအခမဲ့အဖြစ် သတ်မှတ်ထားပြီး ပရိသတ်တွေအတွက် တီဗွီ၊ ဆမ်ဆောင်းဖုန်း စတဲ့ ကံစမ်းမဲတွေလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up