ဧရာဝတီမြစ်ရေတိုက်စားမှု

July 20, 2020

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့သည့် ရွှေဂဲရေထိန်းတံခါး (ဓာတ်ပုံ)

မနေ့ညက ကျိုးပေါက်ခဲ့တဲ့ မန္တလေး ရေထိန်းတံခါးကို အခုစတင် ပြင်ဆင်နေပြီဖြစ်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးဟာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကျိုးပေါက်ခဲ့ပြီး အနားက ရပ်ကွက် ၄ ခုထဲကို ရေဝင်ခဲ့လို့ လူပေါင်း ၄၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်း ရောက်ရှိနေပြီး ပြန်လည်ပြုပြင်နိုင်မယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up