ဧရာဝတီမြစ်ရေကြီး

September 4, 2021

ရွှေတောင်မြို့ ၌ ဧရာဝတီမြစ်ရေကြီးပြီး မြေနိမ့်ရပ်ကွက်များရေဝင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ စက်တင်ဘာ ၄ ရက် ဒီနေ့ ညနေ ၃ နာရီက ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ရပ်ကွက်တချို့ ရေဝင်နေပါတယ်။ 

ကြာနီကန်ရပ်ကွက်နဲ့ ယွန်းတန်းရပ်ကွက်က အနိမ့်ပိုင်း နေအိမ်တွေမှာရေဝင်ရောက်တာကြောင့်  ရွှေတောင်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေဘေးသင့်တဲ့  အိမ်ထောင်စု ၆ စုကို ရေဘေးလွတ်ရာ ယွန်းတန်းရပ်ကွက်က ရွှေမျက်မှန်ဘုရားဝင်းအတွင်းကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးတာကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှု မရှိဘူးလို့ ကနဦးသိရပါတယ်။

(ဓာတ်ပုံ  - ရွှေတောင်မီးသတ်)

3 months Ago

August 8, 2021

မန္တလေးနှင့် စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေမြင့်တက်၊ မြစ်ကမ်းတလျှောက်ရှိ မီးသတ်စခန်းများ ကြိုတင်ပြင်ဆင်

မန္တလေးခရိုင်နဲ့ စစ်ကိုင်းခရိုင်မှာ  ဧရာဝတီမြစ်ရေကြီးလာပါက အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ မြို့နယ်မီးသတ်စခန်းတွေမှာ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတွေ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ 

အဆိုပါခရိုင်နှစ်ခုရှိ မြို့နယ်မီးသတ်စခန်းတွေနဲ့ အရန်မီးသတ်စခန်းတွေမှာ သြဂုတ် ၇ ရက်က စပြီး သဘာဝဘေးအန္တရာယ်ဖြစ်လာပါက ပြည်သူလူထုအား အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်နိုင်ရန်ဖို့ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာတွေနဲ့ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ သြဂုတ် ၈ ရက် မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့ မြစ်ရေအမှတ် ၉၀၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၅၉ စင်တီမီတာအလိုမှာ ရောက်ရှိနေတာပါ။

ဒါ့အပြင် ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့ မြစ်ရေအမှတ် ၈၂၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၂၉ စင်တီမီတာအလိုမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

4 months Ago
More News
Up