ဧရာဝတီမြစ်ရေ

September 1, 2021

စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်တစ်ချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်

စစ်ကိုင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ သြဂုတ် ၃၀ ရက်မှစတင်ပြီး ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်နဲ့ ထုံဘိုရပ်ကွက်ရှိ နေရာတချို့မှာ မြစ်ရေ ဝင်ရောက်နေ ပါတယ်။ လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေ မဟုတ်သေးပေမယ့် ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၁ ရက်က ၁၀၈၈ စင်တီမီတာ ရောက်ရှိ နေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၂ပေ (၆၂ စင်တာမီတာ) လိုတော့တာပါ။

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက နှစ်စဉ် ရေဝင်ရောက်လေ့ရှိတဲ့ ရပ်ကွက်တွေမှာ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ အသိပေးနှိုးဆော်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်နေတဲ့နေရာတွေက အိမ်ထောင်စုတွေအနေနဲ့ ပြောင်းရွှေ့ခြင်းပါက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန  ဖုန်း 191/ 072-21502 သို့ အချိန်မရွေး ဆက်သွယ်အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

5 months Ago

August 30, 2020

မြို့ ၄ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၄ မြို့ရဲ့ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့  စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့  စိုးရိမ်ရေမှတ်အထက် ၁ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၃ လက်မလောက် ဆက်လက်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နဲ့ ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူး သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
1 year Ago
More News
Up