ဧရာဝတီဘဏ်

A d v e r t i s e m e n t With Us

September 19, 2020

ကိုဗစ်-၁၉ ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာက သိန်း ၁ သောင်းလှူဒါန်း

ရန်ကုန် သုဝဏ္ဏကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နဲ့ မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း ၁၀,၀၀၀ မတည် လှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးမယ့် ဧရာဝတီ စင်တာ ယာယီဆေးရုံ အဆောက်အဦနဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ တခြားလိုအပ်တာတွေအတွက် လှူဒါန်းတာလို့ ဆိုပါတယ်။ လူနာ ၄၀၀ ကျော်ကို ကုသပေးနိုင်မယ့် အဲဒီဆေးရုံကို စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနေ့ညနေမှာ လူနာတွေ စတင်ထားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ယာယီ ရောဂါကုသရေးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း အယောက် ၁၀၀ အပါအဝင် လူနာတွေရဲ့ နေ့စဉ် အစားအသောက်ကုန်ကျစရိတ်တွေကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမှာ ဖြစ်ပါတယ်။ အခုတော့ တခြားစီးပွားရေးုလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကလည်း လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေ လာရောက်လှူဒါန်းနေကြပါတယ်။
6 months Ago

March 24, 2020

ပြည်ပမှ ပြန်လာသူ ၃၇ ဦးအား ဧရာဝတီဘဏ်ပိုင် အဆောက်အဦတွင် နေရာချ စောင့်ကြည့် 

ပြည်ပခရီးစဉ်များမှ လေကြောင်းလိုင်း ၃ ခုနဲ့ မတ် ၂၃ ရက် နေ့လယ်ပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည် ၃၇ ဦးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ AYA Bank Training Center ဘေးရှိ ဧရာဝတီဘဏ်ပိုင် အဆောက်အဦမှာ Covid19 စောင့်ကြည့်လူနာအဖြစ် စစ်ဆေးဖို့ နေရာချထားတယ်လို့ သိရပါတယ်။ အထပ် ၆ ထပ်ပါ အဆိုပါအဆောက်အဦ ၂ ခုအနက် တလုံးမှာ ရောက်လာတဲ့ ခရီးသည် ၃၇ ဦး နေထိုင်ကြပြီး ပြည်ကနေ နောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ဆက်လက်လက်ခံသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက်  ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ Photo - Kyaw Swar Tun / MPA
12 months Ago
Up