ဧရာဝတီတော်လှန်ရေး

April 16, 2021

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေတပ်ပေါင်းစု၏ ဧရာဝတီတော်လှန်ရေး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ထဲရှိ ဧရာဝတီမြစ်ဘေးမှာ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေတပ်ပေါင်းစုဟာ ဧရာဝတီတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြမှုကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ က ဖြိုခွဲဖို့ လာရောက်ခဲ့ပေမယ့် အချိန်မီလူစုခွဲလိုက်တာကြောင့် ဖမ်းဆီးခံလိုက်ရတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင်  အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ သရက်တပင် အတက် ၁၄ လမ်းတာရိုးထိပ်မှာ ပြည်သူတွေရဲ့ ဖုန်းတွေ ဆိုင်ကယ် toolbox တွေကို စစ်ဆေးတာတွေရှိနေပါတယ်။

8 months Ago

March 12, 2021

မတ္တရာမြို့နယ်က ရွာများစုပေါင်းပြီး ဧရာဝတီတော်လှန်ရေး လှုပ်ရှား

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ဘေးက ရွာတွေစုပေါင်းပြီး မတ်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဧရာဝတီတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုမှာ ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ စွန်းလွန်း၊ ဥဒေါင်း၊ သပြေသာ၊ မြသီတာ၊ သမင်ခြံ၊ ပေါက်ဝဲ၊ ကြိမ်တော စတဲ့ ကျေးရွာတွေက တောင်သူ လယ်သမားတွေ၊ လူငယ်တွေ စုစုပေါင်း အင်အား ထောင်ချီပါဝင်ခဲ့ကြပါတယ်။

ဧရာဝတီတော်လှန်ရေးကို ဧရာဝတီမြစ်ဘေးမှာပဲလုပ်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

9 months Ago
Up