ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်း

A d v e r t i s e m e n t With Us

May 11, 2017

ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်း ရန်ပုံငွေအရှုပ်အရှင်း ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေ အရှုပ်တော်ပုံကိစ္စဟာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယကအဖြစ် ဆောင်ရွက်နေတဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက သူတို့နဲ့ မသက်ဆိုင်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။ ရှင်းလင်းပွဲကို ပုသိမ်မြို့ အောင်ရတနာ ကုန်စည်ဒိုင်ဝင်းအတွင်းရှိ ဖောင်ဒေးရှင်းရုံးမှာ ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရင် ဧရာဝတီဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကနေ လက်ရှိ ဧရာဝတီ ပညာ၊ ကျန်းမာ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ၅ ဒသမ ၂ ဘီလီယံ လှူဒါန်းခဲ့တာလို့ အစိုးရအဖွဲ့ဟောင်းလက်ထက် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး(ငြိမ်း)လည်း ဖြစ်၊ လက်ရှိဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမောင်မောင်ဝင်းက ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ အစိုးရအဖွဲ့ ရန်ပုံငွေကို အသုံးပြုနေတာမဟုတ်ဘဲ အရင် ဖောင်ဒေးရှင်းက လှူဒါန်းငွေကိုသာ အသုံးပြုတာ ဖြစ်တာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ရင် ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ စစ်ဆေးပေးဖို့အတွက် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဖျာပုံအမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မေးခွန်း မေးမြန်းခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး စာရင်းစစ်ချုပ်ကို စစ်ဆေးစေမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားခဲ့ပါတယ်။
4 years Ago

April 6, 2016

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲသတ်မှတ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲတာကို ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမ မြောက်နေ့မှာ တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။ အရင်က အတည်ပြုခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ်နဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာအဖြစ် ဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်ကို တင်ပြခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီဝန်ကြီးဌာနနှစ်ခုရဲ့ ဝန်ကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ ပြင်ပတတ်သိပညာရှင်နှစ်ဦးကို ဝန်ကြီးတွေအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးကို စိုက်ပျိုးရေးပညာရှင် ဦးဗဟိန်းကို ခန့်အပ်ထားပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်လက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးဝင်းဌေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။ ဒီကနေ့လွတ်တော်မှာတော့ ကတိသစ္စာမပြုရသေးတဲ့ ခန့်အပ်ပြီးဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နဲ့ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်တို့က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။ (သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး)  
5 years Ago
Up