ဧရာမရွှေဖရုံသီး

October 10, 2018

ပေါင် ၂၀၀၀ ကျော် အလေးချိန်ရှိ ဧရာမရွှေဖရုံသီးဖြင့် ကမ္ဘာ့ချန်ပီယံဆု ၄ ကြိမ်ရရှိ (ရုပ်သံ)

အမေရိကန်နိုင်ငံသား စတီဒေးလ်တက်စ်ဟာ ဧရာမရွှေဖရုံသီး ကမ္ဘာ့ချန်ပီယံဆုကို ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်တင်ထားနိုင်ခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ အောက်တိုဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟပ်လ်ဖ်မွန်းကမ်းရိုးတန်းမြို့မှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ အလေးချိန်ပေါင် ၂၁၇၀ (၉၈၄ ကီလိုဂရမ်) ရှိ ဖရုံသီးကြီးနဲ့ ဆုရရှိသွားခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ဧရာမဖရုံသီးကြီးရဲ့ အလေးချိန် ၁ ပေါင်ကို ၇ ဒေါ်လာနဲ့ တွက်ချက်ပြီး ဆုချီးမြှင့်ခဲ့တာမို့ ပိုင်ရှင်ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up