ဧရာမတွင်းကြီး ကျွံက

January 14, 2020

တရုတ်နိုင်ငံတွင် ဧရာမတွင်းကြီး ကျွံကျပြီး လူအချို့ သေဆုံး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကားလမ်းမတခုမှာ ဇန်နဝါရီ ၁၃ ရက်က  ဧရာမ တွင်းကြီး ကျွံကျခဲ့တဲ့အတွက် လူ ၆ ယောက် သေဆုံးပြီး ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။  ချင်းဟိုင်ပြည်နယ် မြို့တော်ရှင်းနင်မြို့မှာ ညနေ ၅ နာရီခွဲဝန်းကျင်က ဒီဖြစ်ရပ် ဖြစ်သွားခဲ့တာပါ။ ကျွံကျနေတဲ့ တွင်းကြီးပေါ်မှာ ပြေးဆွဲခဲ့တဲ့ ဘတ်စ်ကားဟာလည်း တွင်းကြီးထဲကို ကျွံကျသွားခဲ့ပါတယ်။ လူအတော်များများဟာ ပြန့်ကားလာတဲ့ တွင်းကြီးအတွင်း ပျောက်ကွယ်သွားပြီး အဲဒီထဲမှာ ကလေးတစ်ယောက်လည်း ပါဝင်သွားပုံရပါတယ်။ ဒီလို ကျွံကျတဲ့အတွက် ပေါက်ကွဲမှုကြီးတခုလည်း ဖြစ်ပေါ်ခဲ့လို့  ဒီလိုတွင်းကျွံကျရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းရေးလုပ်နေတယ်။ အခင်းဖြစ်ရာနေရာမှာ လူပေါင်း ၁၀၀၀ ကျော် ယာဉ်စီးရေပေါင်း ၃၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up