ဧရာမတွင်းကြီး

February 16, 2020

ကယ်ရာမုန်တိုင်းကြောင့် ဗြိတိန်တွင် ဧရာမတွင်းကြီး ပေါ်ပေါက် (ရုပ်သံ)

ကယ်ရာမုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အင်္ဂလန်နိုင်ငံအနောက်မြောက်ပိုင်း လူနေအိမ်တွေနားမှာ ကြီးမားတဲ့ တွင်းကြီးတစ်ခု ဖေဖော်ဝါရီ ၉ ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။  ဒီတွင်းကြီးဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ထပ်မံကြီးမားလာခဲ့တယ်လို့ ဒေသခံ အာမန်ဒါဝတ်စတာက ပြောပါတယ်။  မုန်တိုင်းဟာ ဗြိတိန်နဲ့ ဥရောပမြောက်ပိုင်းဒေသကို ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းဟာလည်း ၁ နာရီကို မိုင် ၉၀ ကျော်ရှိခဲ့ပါတယ်။  မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာအပြင် မီးရထားလမ်းကြောင်းများနဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ဗြိတိန်တဝန်းလုံးမှာ ရေကြီးမှုဆိုင်ရာ သတိပေးချက် ၂၀၀ ကျော်ကို ထုတ်ပြန်ခဲ့ရပြီး ဝေလနယ်ရဲ့ အဘာဒါရွန်မှာ လေတိုက်နှုန်းဟာ အမြင့်ဆုံး ၁ နာရီကို ၉၃ မိုင်အထိ ရှိခဲ့ပါတယ်။
1 year Ago
Up