စပါးကြီးမြွေတကောင်ရဲ့ စားသောက်နေထိုင်မှု သဘာဝဟာ အံ့သြစရာပါပဲ။
ဒါဟာ ရှေးကနဦးကာလတွေတည်းက သဘာဝတရားက ဖန်တီးပေးထားတာမို့ စပါးကြီးမြွေတွေဟာ သူတို့ရဲ့ အရွယ် ၂ ဆကြီးမားတဲ့ သားကောင် ဖြစ်နေပါစေ၊ တိုက်ခိုက်ဝါးမျိုနိုင်စွမ်း ရှိနေတာပါ။
ဒီဇင်ဘာ ၈ ရက်နေ့ ယူကျုမှာ တင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တောဆိတ်တကောင်လုံးကို ဝါးမျိုစားသောက်ခဲ့တဲ့ စပါးကြီးမြွေရဲ့ လှုပ်ရှားနိုင်စွမ်းကို အံ့အားသင့်ဖွယ် ရှုမြင်ရမှာပါ။
တောဆိတ်ဟာ အရွယ်ပမာဏအားဖြင့် မသေးလှပေမယ့် မြွေကြီးက ရစ်ပတ်ထားခဲ့ချိန်မှာ မရုန်းကန်နိုင်ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။
စပါးကြီးမြွေကြီးဟာ တရစ်ရစ်နဲ့ တောဆိတ်ကို မလှုပ်ရှားနိုင်အောင် ရစ်ပတ်ရင်း ဦးခေါင်းကို စတင်ဝါးမျိုဖို့ ကြိုးစားခဲ့တာပါ။
အချိန်အနည်းငယ်အကြာမှာတော့ စပါးကြီးမြွေကြီးဟာ အဲဒီတောဆိတ်တကောင်လုံးကို ဝါးမျိုနိုင်ခဲ့တာကို တွေ့ရပါတယ်။
6 years Ago