ဧပြီ ၁၀

A d v e r t i s e m e n t With Us

April 11, 2020

လူရှင်းနေတဲ့ ရန်ကုန်မြို့ပြ ညနေခင်း (ဓာတ်ပုံ)

သင်္ကြန်ရုံးပိတ်ရက် ကာလစတင်တဲ့ ဧပြီ ၁၀ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့တွင်း လမ်းမတော်တော်များများမှာ လူသွားလူလာနည်းပြီး ခြောက်ကပ်နေပါတယ်။ အရင်က လူစည်ကားပြီး ကာတွေပိတ်ဆို့နေတဲ့ ရန်ကုန်မြို့တွင်းလမ်းမတွေမှာ ကားတွေလည်း မရှိသလောက်နည်းနေတာ တွေ့ရပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ လမ်းမပေါ် လူသွားလူလာနည်းပြီး ညနေ ၅ နာရီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တွင်းလမ်းမတွေပေါ်မှာ အပြင်ထွက်သူ အနည်းငယ်ကိုသာ တွေ့ရပါတယ်။ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ COVID -19 ကူးစက်မြန်အဆုတ်ရောင်ရောဂါကို တားဆီးထိန်းချုပ်နိုင်ဖို့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အရေးကြီးကိစ္စတွေက လွဲရင် အိမ်အပြင်မထွက်ကြဖို့၊ အိမ်မှာနေကြဖို့ ရန်ကုန်တိုင်းအစိုးရက ပန်ကြားထားပြီးနောက် အခုလိုမျိုး လူသွားလူလာနည်းသွားတာပါ။ ရန်ကုန်မြို့မှာ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်တွေဖြစ်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း နေအိမ် ပြင်ပမထွက်ဘဲ အိမ်မှာသာ နေထိုင်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး COVID- 19 ကာကွယ် ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီက မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။ Photo - JPaing / MPA
11 months Ago

April 10, 2020

တောင်ကိုရီးယားတွင် ဧပြီ ၁၀ ရက်နေ့ ကိုရိုနာကူးစက်သူမရှိ၊ ကူးစက်နှုန်း ကျဆင်း

ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ  ဒယ်ဂူမြို့မှာ ဧပြီ ၁၀ ရက်က ပထမဆုံး ထပ်မံကူးစက်သူ မရှိဘဲ နိုင်ငံတဝန်းမှလည်း ကူးစက်သူတွေဟာ  စံချိန်တင် ကျဆင်းနေပါတယ်။  တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သောင်းကျော် ရှိပြီး  ဒယ်ဂူမြို့မှာတော့ ကူးစက်သူ ၆,၈၀၀ ကျော် ရှိတဲ့အတွက် တနိုင်ငံလုံးရဲ့ ထက်ဝက်ကျော် ကူးစက်တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားမှာ သေဆုံးသူက ၂၀၈ ယောက် ရှိပါတယ်။ ဧပြီ ၉ ရက်အထိ နိုင်ငံတဝန်းမှာ ထပ်မံကူးစက်သူ  ၂၇ ယောက် ရှိပြီး ဒါဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းက တနေ့ကို ထပ်မံကူးစက်သူ  အယောက် ၉၀၀ ကျော်တဲ့ နေ့စဉ်ကူးစက်သူတွေနဲ့ နှိုင်းယှဉ်ရင် ကူးစက်သူ ထပ်မံကျဆင်းနေတယ်လို့ တောင်ကိုရီးယား ဒုကျန်းမာရေးဝန်ကြီးက ပြောပါတယ်။   ဖေဖော်ဝါရီ နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ ဒယ်ဂူမြို့ဘုရားကျောင်း ကူးစက်တာကနေ ကူးစက်ခံရသူ တဟုန်ထိုး မြင့်တက်ခဲ့ပြီး  တောင်ကိုရီးယားရဲ့ ကူးစက်သူ အရေအတွက်ဟာ တရုတ်ပြီးရင် ဒုတိယ အများဆုံး ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့ နိုင်ငံတဝန်း ဗိုင်းရပ်စ် ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးတာတွေနဲ့  တယောက်နဲ့တယောက် ခပ်ခွါခွါနေတဲ့ အစီအမံတွေ ချမှတ်ပြီးနောက်မှာ ကူးစက်သူအရေအတွက် လျော့ကျခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up