ဧည့်သည်တွေမရှိချိန်

March 22, 2020

ကိုရိုနာကြောင့် ဧည့်သည်တွေမရှိချိန် ပင်ဂွင်းလေးများ ကွင်းဆင်းလေ့လာရေးထွက် (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အခြေအနေတွေကြောင့် ချီကာဂိုမှာရှိတဲ့ Shedd ငါးပြတိုက်ကို ဝင်ရောက် ကြည့်ရှုခွင့်ပိတ်ထားပေမယ့် တိရစ္ဆာန်စောင့်ရှောက်ရေးဝန်ထမ်းတွေကတော့ အနား မရပါဘူး။  ဧည့်သည်တွေ မရှိချိန်မှာ ဝန်ထမ်းတွေက တိရစ္ဆာန်လေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုထူးထူး ခြားခြား ဆောင်ရွက်လို့ရမလည်းဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ထုတ်ဖို့အချိန်ရခဲ့ပြီး အကျိုးဆက် အနေနဲ့ ပြတိုက်ထဲက ပင်ဂွင်းငှက်တချို့ကို ကွင်းဆင်းလေ့လာရေးဆောင်ရွက်ပေးဖို့ အကြံဉာဏ်ရရှိ ခဲ့ပါတယ်။  ပင်ဂွင်းငှက်လေးတွေဟာ ပြတိုက်ထဲက နေရာစုံကို သွားလာခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်အထိ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုး ၈၃ ဦး ရှိ ခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်နဲ့ ပြည်သူ့ကျန်းမာရေးအေဂျင်စီတွေကပြောပါတယ်။ ဝါရှင်တန်ပြည်နယ်ဟာ အဆိုးရွားဆုံးဖြစ်ပြီးတော့ သေဆုံးသူအများဆုံးရှိခဲ့ကာ တနင်္လာနေ့ မှာလည်း နောက်ထပ် ခြောက်ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။ 
1 year Ago
Up