ဧက ၁ သောင်းခန့် ဆုံးရှုံး

February 24, 2017

ချီလီတောမီး ဆက်လက်လောင်ကျွမ်း၊ သစ်တောဧက ၁ သောင်းခန့် ဆုံးရှုံး

ချီလီနိုင်ငံအလယ်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သစ်တောဧကပေါင်း ၁ သောင်းနီးပါး လောင်ကျွမ်းသွားခဲ့ပြီး ဒေသခံပြည်သူ ၃၀၀၀ လောက် အရေးပေါ်နေရာ ပြောင်းရွှေ့နေကြရတယ်လို့ ချီလီအာဏာပိုင်တွေက ပြောဆိုပါတယ်။ တောမီးဟာ ဇန်န၀ါရီလလယ်ပိုင်းကတည်းက စတင်လောင်ကျွမ်းနေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိ လူအထိအခိုက်တော့ မရှိသေးပါဘူး။ “စက္ကန့်ပိုင်းမှာပဲ တောမီးဟာ မီတာ ၂၀၀၊ ၃၀၀ လောက်ကို တ၀ုန်းဝုန်းနဲ့ လောင်ကျွမ်သွားတာ မယုံနိုင်စရာပဲ။ မီးသတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်တွေ အားလုံးက ဒီနေရာကနေ အမြန်ဆုံးပြောင်းရွှေ့ဖို့ ပြောကြတယ်” လို့ ဒေသခံတဦးက ပြောဆိုပါတယ်။ ချီလီသစ်တောဌာန ညွှန်ကြားရေးမှူးက မီးသတ်တပ်ရင်း ၁၆ ခုနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ လောက် မီှးငြိမ်းသတ်နေကြတယ်။ အာဏာပိုင်တွေ တောမီးရဲ့ လမ်းကြောင်းကို တွက်ချက်ပြီး တောမီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောဆိုပါတယ်။ အခုနှစ်အတွင်း ချီလီနိုင်ငံတ၀န်း သစ်တောဧက ၁ သန်းခွဲလောက် လောင်ကျွမ်းသွားပြီလို့ အစိုးရအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လူ ၁၁ ယောက် သေဆုံးပြီး အိမ်ခြေ ၁၅၀၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ နိုင်ငံက အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ဆုံးရှုံးတယ်လို့ ချီလီဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့တဲ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောဆိုပါတယ်။
4 years Ago
Up