ဦးဝင်းဆွေ

March 26, 2021

ကျဆုံး ဦးဝင်းဆွေ၏ ဈာပန မိုးညှင်းတမြို့လုံး လိုက်လံပို့ဆောင်

စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် မတ် ၂၅ ရက်နေ့က ကျဆုံးခဲ့တဲ့ မိုးညှင်းမြို့က အသက် ၅၀ အရွယ် ဦးဝင်းဆွေရဲ့ ဈာပန မြေချအခမ်းအနားကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲတစ်နာရီမှာ ကျင်းပခဲ့ပြီး မိုးညှင်းတစ်မြို့လုံးနီးပါး လိုက်လံပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့က ကျည်ထိမှန် သေဆုံးခဲ့သူ နှစ်ဦးရဲ့ ဈာပနာ အခမ်းအနားတွေမှာ လူငါးဆယ်ထက် ပိုစုပါက ပစ်ခတ်မယ်လို့ ရဲတွေက ခြိမ်းခြောက်ထားတာလည်း ဖြစ်ပါတယ်။ အဲ့ဒီကြားထဲက ဈာပန အခမ်းအနားကို တစ်မြို့လုံးနီးပါး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့တဲ့ ဦးဝင်းဆွေဟာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး နောက်ဆုံးအချိန်မှာတောင် "နိုင်မှ ငါကျေနပ်မယ်" လို့ ကြွေးကြော်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-ပြည်သူ ပေးပို့

9 months Ago
Up