ဦးလှမောင်ရွှေ

August 19, 2019

တိုက်ပွဲများနှင့် ၈ နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာ - ဦးလှမောင်ရွှေကို မေးမြန်းချက်

အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု ၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေလည်း အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ၈ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အားနည်းချက်၊ အားသာချက် ဒါတွေနဲ့ပတ်သက်လို့ အစိုးရငြိမ်းရေးရေးကိုယ်စားလှယ်အဖွဲ့က ဦးလှမောင်ရွှေကို ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု ၈ နှစ်ပြည့်ပြီဆိုတော့ အခုချိန်ထိ မြန်မာနိုင်ငံ ငြိမ်းမှုဆွေးနွေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။ ဖြေ။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ အရင်အစိုးရသမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာ တွေ့ရတယ်။ လက်မှတ်ထိုးပြီး ၃ လအကြာ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်အစိုးရက အောင်နိုင်သူဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရ တက်လာတဲ့အတွက် နောက်ပိုင်းမှာ နောက်အစိုးရက တာဝန်ယူ ဆက်လုပ်တယ်။ အားသာချက်က အရင်တုန်းကလို စုစည်းပြီးတော့ ညှိနှိုင်းမှု မရှိတာကနေ ၂၀၁၃ မှာရှိလာတယ်။ ၂၀၁၅ မှာ ၁၉၄၇ ပင်လုံစာချုပ် ပြီးရင် ဒုတိယ လက်မှတ်ထိုးထားတဲ့ NCA စာချုပ်ဆိုတာ ရှိလာတယ်။ NCA အကောင်အထည်ဖော်မှုတွေ ရှိလာတယ်၊ ဒါတွေက အားသာချက်တွေပဲ။ အားနည်းချက်က အဖြူရောင်နယ်မြေ ဖြစ်ခဲ့တဲ့ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတာ တွေ့ရတယ်။ အရှေ့မြောက်မှာလည်း ၂၀၁၁ တုန်းက ပြင်းပြင်းထန်ထန် မရှိခဲ့တဲ့ အခုတော့ တိုက်ပွဲတွေ ပျံ့နှံ့ပြီးတော့ လူထုပါ စိုးရိမ်မှုတွေရှိလာတဲ့ အခြေအနေမျိုးတွေ ရောက်လာတာပေါ့။ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းမှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တပြိုင်နက်တည်းပဲ ဆောင်ရွက်ရမယ့်လုပ်ငန်းက  ၃ ခုရှိနေတယ်လို့ ကျနော် နားလည်သလို သုံးသပ်ရရင် နံပါတ် ၁ ကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက လမ်းကြောင်းတခု၊ ဒုတိယ တခုကတော့ ကျနော်တို့ရဲ့ ပညာရေး ဆင်ခြင်တုံတရား ပိုင်းဖြတ်နိုင်တဲ့ အရည်အသွေးမြှင့်တင်နိုင်တဲ့ လုပ်ငန်းနဲ့ တတိယတခုကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒီ ၃ ခုစလုံးက တပြိုင်နက်တည်း လုပ်မှရမယ်၊ တခုခုက နောက်ကျနေရင်လည်း ကြာမှာပဲ။ ၃ ခုစလုံး တပြိုင်နက်တည်း လုပ်နိုင်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ငြိမ်းချမ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတွေက ရှိလာမယ်လို့ ထင်တယ်။ အဲဒါကိုတော့ တခြားနည်းလမ်းမရှိဘူး ဒီနည်းလမ်းနဲ့ပဲ ဆက်ပြီး ကြိုးစား ဆောင်ရွက်ကြရမှာပဲ။ နှေးတာ မြန်တာကတော့ အဲဒီ ၃ ခု တပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်တဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ မေး။ ၂၀၁၀ နိုင်ငံရေးပြောင်းလဲမှုအရ ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက အရှိန်နဲ့သွားနိုင်ပြီး အန်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုက အရှေ့ကို မရောက်နိုင်ဘဲ တုံ့ဆိုင်းနေတော့ ဒီအစိုးရနှစ်ခုကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုက ဘာကြောင့် ကွာဟနေရတာလဲ။ ဖြေ။ တူတာတွေလည်း ရှိပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ  ရွေးကောက်ပွဲတွေမှာ အားလုံး ဝင်မပြိုင်ခဲ့တဲ့ အကန့်အသတ်ပေါ့။ အထူးသဖြင့် အကြီးဆုံး အတိုက်အခံပါတီက ဝင်မပြိုင်ခဲ့တဲ့ အကန့်အသတ်တွေရှိတော့ တရားဝင်မှုနဲ့ ဂုဏ်သရေရှိမှုကတော့ အဲအချိန်မှာ မေးခွန်းတခု မေးဖို့ရှိခဲ့တာပေါ့။ အန်အယ်လ်ဒီလက်ထက်မှာတော့ အားလုံး ဝင်ပြိုင်ပြီး တော့ လူထုက အများအပြား မဲထည့်ပြီးတော့ နိုင်တာမျိုးရှိတော့ သူရဲ့ Legitimacy က ပိုကောင်းတယ်။ ဒါပေမဲ့ ဦးသိန်းစိန် လုပ်တုန်းကတော့ မထင်ထားဘဲနဲ့ ဖိတ်ခေါ်ပြီးတော့ အင်တိုက်အားတိုက်နဲ့ ဆွေးနွေးပြီးတော့ အဲဒီအဆင့်တခုထိတော့ ရောက်ခဲ့တယ်။ အခုကတော့ နိုင်ငံရေးဆွေးနွေးမှုက နောက်တဆင့် ဖြစ်တယ်ဆိုတော့ နိုင်ငံရေး သဘောတူညီချက်ရဖို့ဆိုတဲ့ ကိစ္စကတော့  အပစ်အခပ် ရပ်စဲတာလောက်တော့ မလွယ်ဘူး။ မမြန်ဘူးဆိုတဲ့ သဘောကတော့ နိုင်ငံတကာမှာလည်း ရှိတာပါပဲ။ ဒါကို ဆက်ပြီး ကြိုးစားလုပ်ဖို့ပါပဲ။  မေး။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဘာပြောလာတာ ရှိလဲဆိုတော့ အရင်အစိုးရလက်ထက်က ကတိကဝတ်တွေကို လက်ရှိအစိုးရက ဆက်ပြီးဖော်ဆောင်တာ မရှိဖူးတာကြောင့် နှောင့်နှေးလာတာဆိုတဲ့ သုံးသပ်ချက်တွေရှိတော့ ဒီသုံးသပ်ချက်တွေက လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မှန်ကန်သလား။ ဖြေ။ တချို့အရာတွေက မမှန်ပါဘူး။ အဲတုန်းက ကျနော်တို့ သတိထားမိတာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် Bilateral လက်မှတ်ထိုးထားတာတွေ ရှိတယ်။ အဲအချိန်အဲဒီအခါက နှစ်ဖက် ပြောခဲ့ပေမယ့် တချို့ကိစ္စရပ်တွေက လက်တွေ့ဘဝမှာ လုပ်ငန်းဆောင်ရွက်ဖို့ အင်မတန်ကို ခက်တာရှိတယ်။ ချက်ချင်း လုပ်လို့မရဘူး။ ဆိုလိုတာကတော့ တချို့ကိစ္စတွေက အကောင်အထည်မဖော်ဘူး ဆိုတာက နှစ်ဖက်ကြားမှာ ညှိနှိုင်းဖို့လိုသလို ယုံကြည်မှုတည်ဆောက်တာလည်း ဒီထက် ပိုမြင့်ဖို့လိုတယ်။ အဲဒါမှာ အခုလုပ်လို့ ရတယ်၊ မရဘူးဆိုတာ ပြောလို့ရမှာဖြစ်တော့ အဲဒီသုံးသပ်ချက်ကတော့ အားလုံး မှန်တယ်လို့တော့ ပြောလို့မရဘူး၊ တချို့အစိတ်အပိုင်းမှာတော့ မှန်ပါတယ်။ မေး။ တချို့သုံးသပ်ကြတာက သမ္မတဦးသိန်းစိန် အစိုးရက အရပ်သားအစိုးရလို့ ပြောကြပေမယ့် စစ်တပ်ကနေလာလို့ စစ်တပ်ထောက်ခံမှု ရှိတာကြောင့် အောင်မြင်တာ၊ အန်အယ်လ်ဒီအစိုးရနဲ့ စစ်တပ်ကြား ဆက်ဆံရေးကြောင့် ရှေ့မရောက်တာလို့ သုံးသပ်တာတွေ ရှိတော့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။ ဖြေ။ အဲဒီအချိန်တုန်းကတော့ အခုအစိုးရထက် အဆင်ပြေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရပဲ တာဝန်ယူယူ ကျနော်တို့လို နိုင်ငံမျိုးမှာတော့ တပ်မတော်ရဲ့ ပါဝင်မှုကတော့ အရေးကြီးနေဆဲ ဖြစ်ဦးမှာပါပဲ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေး လိုချင်တယ်လို့ ကျနော် ယုံတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဓိကဆောင်ရွက်ခဲ့တာက နိုင်ငံရေးဆွေးနွေးမှုထက် အပစ်အခတ်ရပ်စဲရေးနဲ့ အန်စီအေ လက်မှတ်ထိုရေးကို အဓိက ဆောင်ရွက်ခဲ့တာ။ အခုအစိုးရပဲဖြစ်ဖြစ် ၂၀၂၀ နောက်ပိုင်းမှာ တာဝန်ယူမယ့် အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ ညှိနှိုင်းဖို့ အဆင်ပြေ ချောမွေ့ဖို့ဆိုတာကလည်း အမှန်ပဲ။ ဒါတွေက  နှစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီးတော့ ညှိနှိုင်းနိုင်မယ်ဆိုရင် နောက်အစိုးရတွေလည်း သမ္မတဦးသိန်းစိန် အစိုးရထက်ပိုပြီးတော့ အရှေ့ကို ရောက်သွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ မေး။ ဒါဆိုရင် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရှေ့ကို မရောက်နိုင်ဖြစ်နေတာက အဓိက အခက်ခဲက ဘာဖြစ်မလဲ။ ဖြေ။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖော်ဆောင်နေတာက လုပ်ငန်းစဉ် ၂ ခု ရှိတယ်။ တခုက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပါအဝင် ၂၁ ရာစုပင်လုံနဲ့ နိုင်ငံရေး သဘောတူညီချက်တွေရဖို့ လုပ်နေတာရှိသလို ကျန်တဲ့တခြားဘက်မှာတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ Bilateral မထိုးရသေး ရင် Bilateral ထိုးမယ်။ NCA မထိုးရသေးတဲ့သူက NCA ထိုးမယ်ဆိုတဲ့ ကြိုးစားမှုရှိတယ်။ အဲဒီ ၂ ခုက  တပြိုင်နက်တည်း သွားနေတယ်။ အဲဒီ ၂ ခုလုံးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်။ ကြိုးစားပြီးတော့လည်း ဆောင်ရွက်နေတယ်။ ဒါကတော့ နှစ်ဖက်ကြားမှာ မြန်မြန်တွေ့ရမယ်၊ များများတွေ့ရမယ်၊ ညှိနှိုင်းမှုတွေ များများလုပ်မယ်ဆိုရင်တော့ ပိုပြီး နားလည်မှုရှိလာပြီးတော့ သူရဲ့လိုရင်းတွေလည်း ရောက်နိုင်ပါတယ်။ အခုချိန်မှာ နှေးနေပေမယ့် လာမယ့်ကာလတွေမှာတော့ မြန်လည်း မြန်လာနိုင်ပါတယ်။ ဒါက ပါဝင်ပတ်သတ်သူတွေ Keyplayer တွေအားလုံးပေါ်မှာ မူတည်ပါတယ်။ မေး။ ဖက်ဒရယ်လို့ပြောရင် အစိုးရ တပ်မတော်အပါအဝင် တဖွဲ့ချင်းက ပြောတာတွေက မတူညီကြဘူး။ အဲဒီလိုပဲ အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့အပေါ်မှာရော ဘယ်လိုမျိုး ငြိမ်းချမ်းရေးမျိုးကို လိုချင်နေကြတာလဲ။ ဖြေ။ ယေဘုယျအားဖြင့် အားလုံး နားလည်ထားကြတာက ငြိမ်းချမ်းရေးဆိုတာက အခုရှိနေတဲ့ ပဋိပက္ခကို လက်နက်ကိုင်ပြီး မဖြေရှင်းဘူး၊ လက်နက်ကိုတော့ ခဏကိုင်ထားမယ်၊ အပစ်အခတ်ရပ်မယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်၊ နိုင်ငံရေး သဘောတူညီချက်တွေရရင် လက်နက်ကိုင်ထားတာကို ပုံစံပြောင်းရမယ်၊ ဒါမှမဟုတ် လက်နက်ကိုင်ထားတာကို စွန့်မယ်။ ပြီးရင် ဒါတွေကို အကောင်အထည်ဖော်ပြီးတော့ လက်နက်ကို ပဋိပက္ခမရှိတဲ့ ကာလတခုကို သွားတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို့ နားလည်ထားကြတယ်။ အားလုံးက ရှင်းပါတယ်။ ဒါပေမဲ့ လိုလားမှု မတူတာတော့ ရှိတယ်။ တချို့က ဖက်ဒရယ်လို့ ပြောပေမယ့် ကွန်ဖက်ဒရေးရှင်း အတော်ကို များများလိုချင်တာရှိတယ်။ တချို့ကတော့ ဖြစ်သင့်တဲ့ ဖြစ်နိုင်တဲ့ အနေထားလောက်မှာပဲ ညှိနှိုင်းပြီးတော့ သွားချင်တယ်ဆိုတာရှိတော့ ဒါတွေက သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေပေါ်မှာလည်း မူတည်နေတယ်ဗျ။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ တနိုင်ငံလုံးနဲ့ ခြုံပြီး စဉ်းစားပြီးတော့ ဖြစ်သင့်တဲ့ ဖြစ်နိုင်တာကိုပဲ ဦးတည်ပြီး ဆွေးနွေးမှာပဲဗျ။ မေး။ အခုဆို KNU ကလည်း တရားဝင် ဆွေးနွေးပွဲတွေကို ပြန်လာတော့မယ့်ဆိုတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက်သွားဖို့ အားကောင်းလာနိုင်လား။ ဖြေ။ ၂၀၁၈ အောက်တိုဘာမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ တွေ့ခဲ့တာကနေ ရေတွက်ရင် ၁၀ လနီးပါး အချိန်တွေဆုံးရှုံးခဲ့ပြီ။ NCA မှာ ပြဋ္ဌာန်းထားတာက လက်မှတ်ရေးထိုးတဲ့သူတွေဟာ အခက်အခဲ ရှိတယ်၊ အိုင်ဒီယာတွေ မတူဘူးဆိုရင် သူတို့ ညှိနှိုင်းရမယ့် ပလက်ဖောင်းကတော့ JICM မှာ ညှိနှိုင်းရမှာဗျ။ NCA အတိုင်း သွားမယ်၊ အကောင်ထည်ဖော်မယ်ဆိုရင် အဲလို အစည်းအဝေးတွေမှာ တင်ပြကြရမှာ။ အခုကတော့ ၉ လ၊ ၁၀ လလောက် အချိန်တွေကုန်နေပြီ။ နောက်အခါတွေမှာ ဆွေးနွေးပွဲတွေ၊ စားပွဲဝိုင်းတွေမှာ NCA  မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ညှိနှိုင်းတိုင်ပင်ဖို့ ကျနော်တို့ဘက်ကတော့ မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေ ချင်းမိုင်တို့မှာ သွားပြီး ယုံကြည်မှုတွေ တည်ဆောက်ဖို့ အလွတ်သဘော ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ပြင်ဆင်နေတာပါပဲ။  မေး။ မြောက်ပိုင်းအဖွဲ့တွေကို Bilateral မူကြမ်းတွေ ပေးပြီးခဲ့ပေမယ့် ဆွေးနွေးမယ့် နေရာအခက်ခဲတွေ အခုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် သူတို့နဲ့ဆွေးနွေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘယ်လောက် ထိခိုက်နိုင်လဲ။ ဖြေ။ ၁၅ ရက်နေ့က နေစပြီး ပြန်ပြီးဖြစ်တဲ့ ရှမ်းအရှေ့မြောက်ဒေသမှာ ရှိတဲ့ တိုက်ခိုက်မှုတွေကတော့ အခု လက်ရှိဆွေးနွေးနေတဲ့ ၄ ဖွဲ့နဲ့ ဆွေးနွေးနေတဲ့ Bilateral တွေအတွက်ကတော့ အတော့်ကို ထိခိုက်မှု ရှိမှာပါပဲ။ ဒီအရာတွေကြောင့် ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေ ပိုကြာနိုင်တယ်။ စားပွဲဝိုင်းပေါ် ရောက်ဖို့လည်း ပိုကြာနိုင်တယ် ရလဒ်တွေ ထွက်ဖို့လည်း ပိုခက်နိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဆက်လုပ်မယ် ဆိုရင်တော့ တွေ့ဆုံညှိနှိုင်းရေးကတော့ တကြိမ်မဟုတ် တကြိမ် လုပ်ရမှာပါပဲ။ မေး။ ဒါဆိုရင် အခုတိုက်ပွဲတွေက နောက်ဆွေးနွေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိခိုက်မှု ရှိနိုင်တာပေါ့။ ဖြေ။ အစိုးရကိုယ်စားလှယ်တွေဘက်ကလည်း ဆွေးနွေးနိုင်မယ့်နေရာတွေကို ကမ်းလှမ်းထားတာ ရှိပါတယ်။ တချို့အဖွဲ့တွေ့ကလည်း ဒီနေရာကို အဆင်ပြေတယ်လို့ အကြောင်းပြန်ပေမယ့် တချို့အဖွဲ့တွေကလည်း မတုံ့ပြန်တာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဆက်ပြီးကြိုးစားပြီးတော့ စားပွဲဝိုင်းပေါ် ဆွေးနွေးနိုင်ဖို့ ပြင်ဆင်ရမှာပါပဲ။ မေး။ ဝ အဖွဲ့အပါအဝင် မိုင်းလားအဖွဲ့တွေနဲ့ အစိုးရဘက်က ဆွေးနွေးတာတွေက အားရကျေနပ်စရာကောင်းတဲ့ ရလဒ်တွေ ထွက်နေပြီလား။ ဖြေ။ အခုချိန်ထိ နှစ်ပေါင်း ၃၀ အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းထားနိုင်တာက ကောင်းပါတယ်။ ပဋိပက္ခမရှိဘူး ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ချက်ချင်း မဆွေးနွေးနိုင်ဘူး ဆိုရင်တောင်မှ ဘယ်သူမှ မနစ်နာဘူးပေါ့။ အထူးသဖြင့် လူထုမနစ်နာဘူးပေါ့။ အခု ရှမ်းအရှေ့မြောက်ဒေသမှာရှိတဲ့ တိုက်ခိုက်မှုတွေက ၃ ရက်တာအတွင်းမှာဆိုရင် လူထု ၄ ယောက်လောက် သေဆုံးသွားပြီ၊ ကုန်သွယ်မှုတွေပါ ပြတ်တောက်သွားပြီ။ သွားလာရေး ပြတ်တောက်တယ်၊ လူထုက စိုးရိမ်မှုများလာတယ်။ ဒါတွေကတော့ မကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခမရှိဘူး ဆိုရင်တော့ ကောင်းပါတယ်။ မေး။ အန်အယ်လ်ဒီ အစိုးရ သက်တမ်းအတွင်း ၂၀၂၀ မတိုင်ခင်မှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံက ဖြစ်လာနိုင်သလား။ ဖြေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တာဝန်အရှိဆုံးက UPDJC လို့ခေါ်တဲ့ ပြည်ထောင်စုဆွေးနွေးမှုပူးတွဲကော်မတီက တာဝန်အရှိဆုံးလို ဖြစ်နေတယ်။ အဲဒီမှာရှိနေတဲ့ တာဝန်ရှိဆုံးသူ အကုန်လုံးလိုလိုက NCA မှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၉ ခုနှစ်အတွင်း ဒါမှမဟုတ် ၂၀၂၀ ဇန်နဝါရီလမှာ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက လက်နက်ကိုင်ပဋိပက္ခအစား စားပွဲဝိုင်းပေါ်ကနေ အောင်မြင်တဲ့ နှစ်ဖက် သဘောတူတဲ့ ရလဒ်တွေအရ ဒါတွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေ ဆက်ရှိဖို့ လိုတယ်။ ဆွေးနွေးပွဲတွေက လာမယ့်လတွေအတွင်းမှာ ဖြစ်နိုင်ဖို့အတွက် မျှော်လင့်ထားတယ်။ ဒါကို တာဝန်အရှိဆုံးသူတွေအပြင် တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေအားလုံး ကူညီမှ ဒီလိုလုပ်ငန်းစဉ်က ပိုပြီး မြန်မြန်ဆန်ဆန် အောင်မြင်မှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးနည်းလမ်းက တခြားနည်းလမ်း မရှိဘူး။ ညှိနှိုင်းဆွေးနွေးတဲ့ လမ်းကြောင်းက ဆက်ပြီး အားလုံးက ဆက်ပြီး လျှောက်ရမှာပါပဲ။ ဒါကို အောင်မြင်အောင် လျှောက်နိုင်ဖို့ အားလုံးက မေတ္တာရပ်ခံလိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တိုက္ပြဲမ်ားႏွင့္ ၈ ႏွစ္ျပည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈအလားအလာ - ဦးလွေမာင္ေ႐ႊကို ေမးျမန္းခ်က္ အရပ္သားအစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ၈ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာ တိုက္ပြဲေတြလည္း အျပင္းအထန္ ျဖစ္ပြားေနပါတယ္။ ၈ ႏွစ္တာကာလအတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ဘယ္အတိုင္းအတာအထိ ေရာက္ေနၿပီလဲ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြမွာ အားနည္းခ်က္၊ အားသာခ်က္ ဒါေတြနဲ႔ပတ္သက္လို႔ အစိုးရၿငိမ္းေရးေရးကိုယ္စားလွယ္အဖြဲ႕က ဦးလွေမာင္ေ႐ႊကို ဒီဗြီဘီသတင္းေထာက္ ေအာင္သူက ဆက္သြယ္ေမးျမန္းထားပါတယ္။ ေမး။ အရပ္သားအစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ၈ ႏွစ္ျပည့္ၿပီဆိုေတာ့ အခုခ်ိန္ထိ ျမန္မာႏိုင္ငံ ၿငိမ္းမႈေဆြးေႏြးမႈ ဘယ္အတိုင္းအတာအထိ ေရာက္ေနၿပီလဲ။ ေျဖ။ ၂၀၁၁ ခုႏွစ္ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ အရင္အစိုးရသမၼတ ဦးသိန္းစိန္က တႏိုင္ငံလုံးကို ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ဖိတ္ေခၚခဲ့တယ္။ ၂၀၁၅ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကတာ ေတြ႕ရတယ္။ လက္မွတ္ထိုးၿပီး ၃ လအၾကာ ေ႐ြးေကာက္ပြဲမွာ သမၼတဦးသိန္းစိန္အစိုးရက ေအာင္ႏိုင္သူျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအစိုးရ တက္လာတဲ့အတြက္ ေနာက္ပိုင္းမွာ ေနာက္အစိုးရက တာဝန္ယူ ဆက္လုပ္တယ္။ အားသာခ်က္က အရင္တုန္းကလို စုစည္းၿပီးေတာ့ ညႇိႏႈိင္းမႈ မရွိတာကေန ၂၀၁၃ မွာရွိလာတယ္။ ၂၀၁၅ မွာ ၁၉၄၇ ပင္လုံစာခ်ဳပ္ ၿပီးရင္ ဒုတိယ လက္မွတ္ထိုးထားတဲ့ NCA စာခ်ဳပ္ဆိုတာ ရွိလာတယ္။ NCA အေကာင္အထည္ေဖာ္မႈေတြ ရွိလာတယ္၊ ဒါေတြက အားသာခ်က္ေတြပဲ။ အားနည္းခ်က္က အျဖဴေရာင္နယ္ေျမ ျဖစ္ခဲ့တဲ့ ရခိုင္မွာ တိုက္ပြဲေတြ ျဖစ္ေနတာ ေတြ႕ရတယ္။ အေရွ႕ေျမာက္မွာလည္း ၂၀၁၁ တုန္းက ျပင္းျပင္းထန္ထန္ မရွိခဲ့တဲ့ အခုေတာ့ တိုက္ပြဲေတြ ပ်ံ႕ႏွံ႔ၿပီးေတာ့ လူထုပါ စိုးရိမ္မႈေတြရွိလာတဲ့ အေျခအေနမ်ိဳးေတြ ေရာက္လာတာေပါ့။ က်ေနာ္တို႔ႏိုင္ငံရဲ႕ အသြင္ကူးေျပာင္းမႈ အထူးသျဖင့္ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈမွာ တၿပိဳင္နက္တည္းပဲ ေဆာင္႐ြက္ရမယ့္လုပ္ငန္းက  ၃ ခုရွိေနတယ္လို႔ က်ေနာ္ နားလည္သလို သုံးသပ္ရရင္ နံပါတ္ ၁ ကေတာ့ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈက လမ္းေၾကာင္းတခု၊ ဒုတိယ တခုကေတာ့ က်ေနာ္တို႔ရဲ႕ ပညာေရး ဆင္ျခင္တုံတရား ပိုင္းျဖတ္ႏိုင္တဲ့ အရည္အေသြးျမႇင့္တင္ႏိုင္တဲ့ လုပ္ငန္းနဲ႔ တတိယတခုကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အဲဒီ ၃ ခုစလုံးက တၿပိဳင္နက္တည္း လုပ္မွရမယ္၊ တခုခုက ေနာက္က်ေနရင္လည္း ၾကာမွာပဲ။ ၃ ခုစလုံး တၿပိဳင္နက္တည္း လုပ္ႏိုင္ရင္ေတာ့ က်ေနာ္တို႔ႏိုင္ငံရဲ႕ အသြင္ကူးေျပာင္းေရး ၿငိမ္းခ်မ္ေရး ဖြံ႕ၿဖိဳးတိုးတက္ေရးေတြက ရွိလာမယ္လို႔ ထင္တယ္။ အဲဒါကိုေတာ့ တျခားနည္းလမ္းမရွိဘူး ဒီနည္းလမ္းနဲ႔ပဲ ဆက္ၿပီး ႀကိဳးစား ေဆာင္႐ြက္ၾကရမွာပဲ။ ေႏွးတာ ျမန္တာကေတာ့ အဲဒီ ၃ ခု တၿပိဳင္နက္တည္း အေကာင္အထည္ေဖာ္ႏိုင္တဲ့အေပၚမွာ မူတည္မယ္လို႔ ထင္ပါတယ္။ ေမး။ ၂၀၁၀ ႏိုင္ငံေရးေျပာင္းလဲမႈအရ ဦးသိန္းစိန္လက္ထက္မွာ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈက အရွိန္နဲ႔သြားႏိုင္ၿပီး အန္အယ္လ္ဒီ အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈက အေရွ႕ကို မေရာက္ႏိုင္ဘဲ တုံ႔ဆိုင္းေနေတာ့ ဒီအစိုးရႏွစ္ခုၾကား ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈက ဘာေၾကာင့္ ကြာဟေနရတာလဲ။ ေျဖ။ တူတာေတြလည္း ရွိပါတယ္။ သမၼတဦးသိန္းစိန္အစိုးရ လက္ထက္မွာ  ေ႐ြးေကာက္ပြဲေတြမွာ အားလုံး ဝင္မၿပိဳင္ခဲ့တဲ့ အကန႔္အသတ္ေပါ့။ အထူးသျဖင့္ အႀကီးဆုံး အတိုက္အခံပါတီက ဝင္မၿပိဳင္ခဲ့တဲ့ အကန႔္အသတ္ေတြရွိေတာ့ တရားဝင္မႈနဲ႔ ဂုဏ္သေရရွိမႈကေတာ့ အဲအခ်ိန္မွာ ေမးခြန္းတခု ေမးဖို႔ရွိခဲ့တာေပါ့။ အန္အယ္လ္ဒီလက္ထက္မွာေတာ့ အားလုံး ဝင္ၿပိဳင္ၿပီး ေတာ့ လူထုက အမ်ားအျပား မဲထည့္ၿပီးေတာ့ ႏိုင္တာမ်ိဳးရွိေတာ့ သူရဲ႕ Legitimacy က ပိုေကာင္းတယ္။ ဒါေပမဲ့ ဦးသိန္းစိန္ လုပ္တုန္းကေတာ့ မထင္ထားဘဲနဲ႔ ဖိတ္ေခၚၿပီးေတာ့ အင္တိုက္အားတိုက္နဲ႔ ေဆြးေႏြးၿပီးေတာ့ အဲဒီအဆင့္တခုထိေတာ့ ေရာက္ခဲ့တယ္။ အခုကေတာ့ ႏိုင္ငံေရးေဆြးေႏြးမႈက ေနာက္တဆင့္ ျဖစ္တယ္ဆိုေတာ့ ႏိုင္ငံေရး သေဘာတူညီခ်က္ရဖို႔ဆိုတဲ့ ကိစၥကေတာ့  အပစ္အခပ္ ရပ္စဲတာေလာက္ေတာ့ မလြယ္ဘူး။ မျမန္ဘူးဆိုတဲ့ သေဘာကေတာ့ ႏိုင္ငံတကာမွာလည္း ရွိတာပါပဲ။ ဒါကို ဆက္ၿပီး ႀကိဳးစားလုပ္ဖို႔ပါပဲ။ ေမး။ တခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက ဘာေျပာလာတာ ရွိလဲဆိုေတာ့ အရင္အစိုးရလက္ထက္က ကတိကဝတ္ေတြကို လက္ရွိအစိုးရက ဆက္ၿပီးေဖာ္ေဆာင္တာ မရွိဖူးတာေၾကာင့္ ေႏွာင့္ေႏွးလာတာဆိုတဲ့ သုံးသပ္ခ်က္ေတြရွိေတာ့ ဒီသုံးသပ္ခ်က္ေတြက လက္ရွိ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးအတြက္ မွန္ကန္သလား။ ေျဖ။ တခ်ိဳ႕အရာေတြက မမွန္ပါဘူး။ အဲတုန္းက က်ေနာ္တို႔ သတိထားမိတာက အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကားမွာ ျပည္နယ္အဆင့္ ျပည္ေထာင္စုအဆင့္ Bilateral လက္မွတ္ထိုးထားတာေတြ ရွိတယ္။ အဲအခ်ိန္အဲဒီအခါက ႏွစ္ဖက္ ေျပာခဲ့ေပမယ့္ တခ်ိဳ႕ကိစၥရပ္ေတြက လက္ေတြ႕ဘဝမွာ လုပ္ငန္းေဆာင္႐ြက္ဖို႔ အင္မတန္ကို ခက္တာရွိတယ္။ ခ်က္ခ်င္း လုပ္လို႔မရဘူး။ ဆိုလိုတာကေတာ့ တခ်ိဳ႕ကိစၥေတြက အေကာင္အထည္မေဖာ္ဘူး ဆိုတာက ႏွစ္ဖက္ၾကားမွာ ညႇိႏႈိင္းဖို႔လိုသလို ယုံၾကည္မႈတည္ေဆာက္တာလည္း ဒီထက္ ပိုျမင့္ဖို႔လိုတယ္။ အဲဒါမွာ အခုလုပ္လို႔ ရတယ္၊ မရဘူးဆိုတာ ေျပာလို႔ရမွာျဖစ္ေတာ့ အဲဒီသုံးသပ္ခ်က္ကေတာ့ အားလုံး မွန္တယ္လို႔ေတာ့ ေျပာလို႔မရဘူး၊ တခ်ိဳ႕အစိတ္အပိုင္းမွာေတာ့ မွန္ပါတယ္။ ေမး။ တခ်ိဳ႕သုံးသပ္ၾကတာက သမၼတဦးသိန္းစိန္ အစိုးရက အရပ္သားအစိုးရလို႔ ေျပာၾကေပမယ့္ စစ္တပ္ကေနလာလို႔ စစ္တပ္ေထာက္ခံမႈ ရွိတာေၾကာင့္ ေအာင္ျမင္တာ၊ အန္အယ္လ္ဒီအစိုးရနဲ႔ စစ္တပ္ၾကား ဆက္ဆံေရးေၾကာင့္ ေရွ႕မေရာက္တာလို႔ သုံးသပ္တာေတြ ရွိေတာ့ အဲဒီအေပၚ ဘယ္လိုျမင္လဲ။ ေျဖ။ အဲဒီအခ်ိန္တုန္းကေတာ့ အခုအစိုးရထက္ အဆင္ေျပႏိုင္တာေတြလည္း ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ဘယ္အစိုးရပဲ တာဝန္ယူယူ က်ေနာ္တို႔လို ႏိုင္ငံမ်ိဳးမွာေတာ့ တပ္မေတာ္ရဲ႕ ပါဝင္မႈကေတာ့ အေရးႀကီးေနဆဲ ျဖစ္ဦးမွာပါပဲ။ တပ္မေတာ္ကေတာ့ ၿငိမ္းခ်မ္းေရး လိုခ်င္တယ္လို႔ က်ေနာ္ ယုံတယ္။ ဒါေပမဲ့ သမၼတဦးသိန္းစိန္အစိုးရ လက္ထက္မွာ အဓိကေဆာင္႐ြက္ခဲ့တာက ႏိုင္ငံေရးေဆြးေႏြးမႈထက္ အပစ္အခတ္ရပ္စဲေရးနဲ႔ အန္စီေအ လက္မွတ္ထိုေရးကို အဓိက ေဆာင္႐ြက္ခဲ့တာ။ အခုအစိုးရပဲျဖစ္ျဖစ္ ၂၀၂၀ ေနာက္ပိုင္းမွာ တာဝန္ယူမယ့္ အစိုးရပဲျဖစ္ျဖစ္၊ တပ္မေတာ္နဲ႔ ညႇိႏႈိင္းဖို႔ အဆင္ေျပ ေခ်ာေမြ႕ဖို႔ဆိုတာကလည္း အမွန္ပဲ။ ဒါေတြက  ႏွစ္ဖက္ ယုံၾကည္မႈ တည္ေဆာက္ၿပီးေတာ့ ညႇိႏႈိင္းႏိုင္မယ္ဆိုရင္ ေနာက္အစိုးရေတြလည္း သမၼတဦးသိန္းစိန္ အစိုးရထက္ပိုၿပီးေတာ့ အေရွ႕ကို ေရာက္သြားႏိုင္တာလည္း ျဖစ္ႏိုင္ပါတယ္။ ေမး။ ဒါဆိုရင္ အန္အယ္လ္ဒီ အစိုးရလက္ထက္မွာ ေဖာ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အေရွ႕ကို မေရာက္ႏိုင္ျဖစ္ေနတာက အဓိက အခက္ခဲက ဘာျဖစ္မလဲ။ ေျဖ။ လက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရ ေဖာ္ေဆာင္ေနတာက လုပ္ငန္းစဥ္ ၂ ခု ရွိတယ္။ တခုက NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြအပါအဝင္ ၂၁ ရာစုပင္လုံနဲ႔ ႏိုင္ငံေရး သေဘာတူညီခ်က္ေတြရဖို႔ လုပ္ေနတာရွိသလို က်န္တဲ့တျခားဘက္မွာေတာ့ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြနဲ႔ Bilateral မထိုးရေသး ရင္ Bilateral ထိုးမယ္။ NCA မထိုးရေသးတဲ့သူက NCA ထိုးမယ္ဆိုတဲ့ ႀကိဳးစားမႈရွိတယ္။ အဲဒီ ၂ ခုက  တၿပိဳင္နက္တည္း သြားေနတယ္။ အဲဒီ ၂ ခုလုံးမွာ စိန္ေခၚမႈေတြ ရွိေနတယ္။ ႀကိဳးစားၿပီးေတာ့လည္း ေဆာင္႐ြက္ေနတယ္။ ဒါကေတာ့ ႏွစ္ဖက္ၾကားမွာ ျမန္ျမန္ေတြ႕ရမယ္၊ မ်ားမ်ားေတြ႕ရမယ္၊ ညႇိႏႈိင္းမႈေတြ မ်ားမ်ားလုပ္မယ္ဆိုရင္ေတာ့ ပိုၿပီး နားလည္မႈရွိလာၿပီးေတာ့ သူရဲ႕လိုရင္းေတြလည္း ေရာက္ႏိုင္ပါတယ္။ အခုခ်ိန္မွာ ေႏွးေနေပမယ့္ လာမယ့္ကာလေတြမွာေတာ့ ျမန္လည္း ျမန္လာႏိုင္ပါတယ္။ ဒါက ပါဝင္ပတ္သတ္သူေတြ Keyplayer ေတြအားလုံးေပၚမွာ မူတည္ပါတယ္။ ေမး။ ဖက္ဒရယ္လို႔ေျပာရင္ အစိုးရ တပ္မေတာ္အပါအဝင္ တဖြဲ႕ခ်င္းက ေျပာတာေတြက မတူညီၾကဘူး။ အဲဒီလိုပဲ အားလုံးက ၿငိမ္းခ်မ္းေရး လိုခ်င္တယ္ဆိုတဲ့အေပၚမွာေရာ ဘယ္လိုမ်ိဳး ၿငိမ္းခ်မ္းေရးမ်ိဳးကို လိုခ်င္ေနၾကတာလဲ။ ေျဖ။ ေယဘုယ်အားျဖင့္ အားလုံး နားလည္ထားၾကတာက ၿငိမ္းခ်မ္းေရးဆိုတာက အခုရွိေနတဲ့ ပဋိပကၡကို လက္နက္ကိုင္ၿပီး မေျဖရွင္းဘူး၊ လက္နက္ကိုေတာ့ ခဏကိုင္ထားမယ္၊ အပစ္အခတ္ရပ္မယ္၊ ၿပီးရင္ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြ လုပ္မယ္၊ ႏိုင္ငံေရး သေဘာတူညီခ်က္ေတြရရင္ လက္နက္ကိုင္ထားတာကို ပုံစံေျပာင္းရမယ္၊ ဒါမွမဟုတ္ လက္နက္ကိုင္ထားတာကို စြန႔္မယ္။ ၿပီးရင္ ဒါေတြကို အေကာင္အထည္ေဖာ္ၿပီးေတာ့ လက္နက္ကို ပဋိပကၡမရွိတဲ့ ကာလတခုကို သြားတာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္လို႔ နားလည္ထားၾကတယ္။ အားလုံးက ရွင္းပါတယ္။ ဒါေပမဲ့ လိုလားမႈ မတူတာေတာ့ ရွိတယ္။ တခ်ိဳ႕က ဖက္ဒရယ္လို႔ ေျပာေပမယ့္ ကြန္ဖက္ဒေရးရွင္း အေတာ္ကို မ်ားမ်ားလိုခ်င္တာရွိတယ္။ တခ်ိဳ႕ကေတာ့ ျဖစ္သင့္တဲ့ ျဖစ္ႏိုင္တဲ့ အေနထားေလာက္မွာပဲ ညႇိႏႈိင္းၿပီးေတာ့ သြားခ်င္တယ္ဆိုတာရွိေတာ့ ဒါေတြက သက္ဆိုင္ရာ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ေတြေပၚမွာလည္း မူတည္ေနတယ္ဗ်။ အစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ တႏိုင္ငံလုံးနဲ႔ ၿခဳံၿပီး စဥ္းစားၿပီးေတာ့ ျဖစ္သင့္တဲ့ ျဖစ္ႏိုင္တာကိုပဲ ဦးတည္ၿပီး ေဆြးေႏြးမွာပဲဗ်။ ေမး။ အခုဆို KNU ကလည္း တရားဝင္ ေဆြးေႏြးပြဲေတြကို ျပန္လာေတာ့မယ့္ဆိုေတာ့ ရပ္တန႔္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္က ေရွ႕ဆက္သြားဖို႔ အားေကာင္းလာႏိုင္လား။ ေျဖ။ ၂၀၁၈ ေအာက္တိုဘာမွာ အစိုးရနဲ႔ တိုင္းရင္းသားေတြ ေတြ႕ခဲ့တာကေန ေရတြက္ရင္ ၁၀ လနီးပါး အခ်ိန္ေတြဆုံးရႈံးခဲ့ၿပီ။ NCA မွာ ျပ႒ာန္းထားတာက လက္မွတ္ေရးထိုးတဲ့သူေတြဟာ အခက္အခဲ ရွိတယ္၊ အိုင္ဒီယာေတြ မတူဘူးဆိုရင္ သူတို႔ ညႇိႏႈိင္းရမယ့္ ပလက္ေဖာင္းကေတာ့ JICM မွာ ညႇိႏႈိင္းရမွာဗ်။ NCA အတိုင္း သြားမယ္၊ အေကာင္ထည္ေဖာ္မယ္ဆိုရင္ အဲလို အစည္းအေဝးေတြမွာ တင္ျပၾကရမွာ။ အခုကေတာ့ ၉ လ၊ ၁၀ လေလာက္ အခ်ိန္ေတြကုန္ေနၿပီ။ ေနာက္အခါေတြမွာ ေဆြးေႏြးပြဲေတြ၊ စားပြဲဝိုင္းေတြမွာ NCA  မွာ ျပ႒ာန္းထားတဲ့အတိုင္း ညႇိႏႈိင္းတိုင္ပင္ဖို႔ က်ေနာ္တို႔ဘက္ကေတာ့ ေမွ်ာ္လင့္တယ္။ အဲဒီအတြက္ က်ေနာ္တို႔အစိုးရ ကိုယ္စားလွယ္အဖြဲ႕ေတြ ခ်င္းမိုင္တို႔မွာ သြားၿပီး ယုံၾကည္မႈေတြ တည္ေဆာက္ဖို႔ အလြတ္သေဘာ ေဆြးေႏြးမႈေတြ ထပ္လုပ္ဖို႔ ျပင္ဆင္ေနတာပါပဲ။ ေမး။ ေျမာက္ပိုင္းအဖြဲ႕ေတြကို Bilateral မူၾကမ္းေတြ ေပးၿပီးခဲ့ေပမယ့္ ေဆြးေႏြးမယ့္ ေနရာအခက္ခဲေတြ အခုျပင္းထန္လာတဲ့ တိုက္ပြဲေတြေၾကာင့္ သူတို႔နဲ႔ေဆြးေႏြးမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ဘယ္ေလာက္ ထိခိုက္ႏိုင္လဲ။ ေျဖ။ ၁၅ ရက္ေန႔က ေနစၿပီး ျပန္ၿပီးျဖစ္တဲ့ ရွမ္းအေရွ႕ေျမာက္ေဒသမွာ ရွိတဲ့ တိုက္ခိုက္မႈေတြကေတာ့ အခု လက္ရွိေဆြးေႏြးေနတဲ့ ၄ ဖြဲ႕နဲ႔ ေဆြးေႏြးေနတဲ့ Bilateral ေတြအတြက္ကေတာ့ အေတာ့္ကို ထိခိုက္မႈ ရွိမွာပါပဲ။ ဒီအရာေတြေၾကာင့္ က်ေနာ္တို႔ရဲ႕ ေဆြးေႏြးပြဲေတြ ပိုၾကာႏိုင္တယ္။ စားပြဲဝိုင္းေပၚ ေရာက္ဖို႔လည္း ပိုၾကာႏိုင္တယ္ ရလဒ္ေတြ ထြက္ဖို႔လည္း ပိုခက္ႏိုင္တယ္လို႔ ထင္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရး ဆက္လုပ္မယ္ ဆိုရင္ေတာ့ ေတြ႕ဆုံညႇိႏႈိင္းေရးကေတာ့ တႀကိမ္မဟုတ္ တႀကိမ္ လုပ္ရမွာပါပဲ။ ေမး။ ဒါဆိုရင္ အခုတိုက္ပြဲေတြက ေနာက္ေဆြးေႏြးမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ထိခိုက္မႈ ရွိႏိုင္တာေပါ့။ ေျဖ။ အစိုးရကိုယ္စားလွယ္ေတြဘက္ကလည္း ေဆြးေႏြးႏိုင္မယ့္ေနရာေတြကို ကမ္းလွမ္းထားတာ ရွိပါတယ္။ တခ်ိဳ႕အဖြဲ႕ေတြ႕ကလည္း ဒီေနရာကို အဆင္ေျပတယ္လို႔ အေၾကာင္းျပန္ေပမယ့္ တခ်ိဳ႕အဖြဲ႕ေတြကလည္း မတုံ႔ျပန္တာေတြလည္း ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔ကေတာ့ ဆက္ၿပီးႀကိဳးစားၿပီးေတာ့ စားပြဲဝိုင္းေပၚ ေဆြးေႏြးႏိုင္ဖို႔ ျပင္ဆင္ရမွာပါပဲ။ ေမး။ ဝ အဖြဲ႕အပါအဝင္ မိုင္းလားအဖြဲ႕ေတြနဲ႔ အစိုးရဘက္က ေဆြးေႏြးတာေတြက အားရေက်နပ္စရာေကာင္းတဲ့ ရလဒ္ေတြ ထြက္ေနၿပီလား။ ေျဖ။ အခုခ်ိန္ထိ ႏွစ္ေပါင္း ၃၀ အတြင္းမွာ ပစ္ခတ္တိုက္ခိုက္မႈေတြ မရွိေအာင္ ထိန္းထားႏိုင္တာက ေကာင္းပါတယ္။ ပဋိပကၡမရွိဘူး ဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြက ခ်က္ခ်င္း မေဆြးေႏြးႏိုင္ဘူး ဆိုရင္ေတာင္မွ ဘယ္သူမွ မနစ္နာဘူးေပါ့။ အထူးသျဖင့္ လူထုမနစ္နာဘူးေပါ့။ အခု ရွမ္းအေရွ႕ေျမာက္ေဒသမွာရွိတဲ့ တိုက္ခိုက္မႈေတြက ၃ ရက္တာအတြင္းမွာဆိုရင္ လူထု ၄ ေယာက္ေလာက္ ေသဆုံးသြားၿပီ၊ ကုန္သြယ္မႈေတြပါ ျပတ္ေတာက္သြားၿပီ။ သြားလာေရး ျပတ္ေတာက္တယ္၊ လူထုက စိုးရိမ္မႈမ်ားလာတယ္။ ဒါေတြကေတာ့ မေကာင္းဘူးေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ပဋိပကၡမရွိဘူး ဆိုရင္ေတာ့ ေကာင္းပါတယ္။ ေမး။ အန္အယ္လ္ဒီ အစိုးရ သက္တမ္းအတြင္း ၂၀၂၀ မတိုင္ခင္မွာ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လုံညီလာခံက ျဖစ္လာႏိုင္သလား။ ေျဖ။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ တာဝန္အရွိဆုံးက UPDJC လို႔ေခၚတဲ့ ျပည္ေထာင္စုေဆြးေႏြးမႈပူးတြဲေကာ္မတီက တာဝန္အရွိဆုံးလို ျဖစ္ေနတယ္။ အဲဒီမွာရွိေနတဲ့ တာဝန္ရွိဆုံးသူ အကုန္လုံးလိုလိုက NCA မွာ ျပ႒ာန္းထားတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံကို ၂၀၁၉ ခုႏွစ္အတြင္း ဒါမွမဟုတ္ ၂၀၂၀ ဇန္နဝါရီလမွာ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ျဖစ္လိမ့္မယ္လို႔ေတာ့ ယုံၾကည္ပါတယ္။ ၿငိမ္းခ်မ္းေရး ဆိုတာက လက္နက္ကိုင္ပဋိပကၡအစား စားပြဲဝိုင္းေပၚကေန ေအာင္ျမင္တဲ့ ႏွစ္ဖက္ သေဘာတူတဲ့ ရလဒ္ေတြအရ ဒါေတြကို ဆက္ၿပီးအေကာင္အထည္ေဖာ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ ေဆြးေႏြးပြဲေတြ ဆက္ရွိဖို႔ လိုတယ္။ ေဆြးေႏြးပြဲေတြက လာမယ့္လေတြအတြင္းမွာ ျဖစ္ႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ထားတယ္။ ဒါကို တာဝန္အရွိဆုံးသူေတြအျပင္ တႏိုင္ငံလုံးမွာ ရွိတဲ့ ျပည္သူေတြအားလုံး ကူညီမွ ဒီလိုလုပ္ငန္းစဥ္က ပိုၿပီး ျမန္ျမန္ဆန္ဆန္ ေအာင္ျမင္မွာပါ။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးနည္းလမ္းက တျခားနည္းလမ္း မရွိဘူး။ ညႇိႏႈိင္းေဆြးေႏြးတဲ့ လမ္းေၾကာင္းက ဆက္ၿပီး အားလုံးက ဆက္ၿပီး ေလွ်ာက္ရမွာပါပဲ။ ဒါကို ေအာင္ျမင္ေအာင္ ေလွ်ာက္ႏိုင္ဖို႔ အားလုံးက ေမတၱာရပ္ခံလိုပါတယ္။
2 years Ago
Up