ဦးရဲသိန်း

December 26, 2019

အေအေ ဖမ်းဆီးထားသည့် ဘူးသီးတောင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံး

အေအေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားပြီလို့ အေအေက သတင်းထုတ်ပြန်ပါတယ်။  တပ်မတော်ဘက်က ဒီဇင်ဘာ ၂၅ ရက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ဒါပေမဲ့ အဆိုပါ ထုတ်ပြန်ချက်အတိုင်း အမှန်တကယ် ဟုတ်၊ မဟုတ် ဆိုတာကတော့ ဒီဗွီဘီက သီးခြားအတည်ပြုချက် မရယူနိုင်သေးပါဘူး။ ဘူးသီးတောင်၊ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာ သွားရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတုန်း အေအေတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ အေအေကတော့ ဦးရဲသိန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ဆေးဖို့ ခေတ္တခေါ်ယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
2 years Ago
Up