ဦးမောင်မောင်စိုး

December 9, 2020

ရန်ကုန်မြို့တော်ဝန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံပြီး ဆေးရုံမှာတက်ရောက် ဆေးကုသမှု ခံယူနေတယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ မြို့တော်ဝန် ဦးမောင်မောင်စိုးဟာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ ဈေးတွေအတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်စဉ် နေထိုင်မကောင်းဖြစ်လို့ ဒီဇင်ဘာ ၈ ရက်နေ့က ဆေးစစ်ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟာ လက်ရှိ တောင်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတယ်လို့လည်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
4 months Ago
Up