ဦးမန်းဝင်းခိုင်သန်း

March 9, 2021

ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း CRPH ကြေညာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မတ်လ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရန်အတွက်လည်းကောင်း ဦးမန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားတဲ့အတွက် နိုင်ငံတော်သမ္မတက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ အခြေအနေမရှိတဲ့ ကာလမှာ  ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ  ထမ်းဆောင်ဖို့ တာဝန် အပ်နှင်းလိုက်တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

2 years Ago

July 23, 2020

ကရင်ပြည်နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးမန်းဝင်းခိုင်သန်းတို့ ပါဝင်  

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့်  အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ကရင်ပြည်နယ်က  လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အန်အယ်လ်ဒီပါတီက ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့  ဘားအံ မဲဆန္ဒနယ် အမှတ် (၁) ကနေ ကရင်ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ကနေ ကိုယ်စားလှယ်လောင်းအဖြစ်  ပြန်လည်ရွေးကောက်ခံမှာ ဖြစ်ပါတယ်။   
3 years Ago
Up